မရမ်းကုန်း ဘောဂသိဒွီကွန်ဒိုမှာ ဗုံးပေါက်ပြီး ညစောင့်လုံခြုံရေး(၂)ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်ရှိ၊ ဘောဂသီဒွီကွန်ဒို ကားပါကင်မှာ ဒီနေ့ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီး ညစောင့်လုံခြုံရေးဝန်ထမ်း(၂)ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ဘောဂသိဒွီလမ်းမှာနေထိုင်သူတစ်ဦးက “အသံကတော့ အကျယ်ကြီးပဲ ပေါက်တာ၊ လက်လုပ်မိုင်းလား ဗုံးလားမသိဘူး၊ ညစောင့်လုံခြုံရေးနှစ်ဦး ပွဲချင်းပြီးပဲ သေသွားတယ်”လို့ VOMကို ပြောပါတယ်။
 
ဘောဂသိဒွီကွန်ဒိုရဲ့ နေ့ဘက်လုံခြုံရေးတာဝန်ကျနေသူနှစ်ဦးဖြစ်တဲ့ အမျိုးသားနှစ်ဦးမှာ ယာခြေတစ်ဖက်ပြတ်ထွက်၊ အူပွင့်ဒဏ်ရာများရရှိကာ သေဆုံးသွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ဘောဂသိဒွီအိမ်ယာနဲ့ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မရမ်းကုန်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ခြင်း၊သေနတ်နဲ့ပစ်ခံရခြင်း၊ လှသီတာရွှေဆိုင်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေမှာ ဓားပြတိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက် #လူ၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW