အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေ

ဘန်ဒါဆရာဘဂါ၀မ်၊ စက်တင်ဘာ ၅-၂၀၂၁
မျိုးဆက် (VOM)
 
အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Erywan Yusof ဟာ မြန်မာနိုင်ငံကိုလာမယ့် သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးကိုပါ ကြိုးစားနေတယ်လို့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ စတငနိုင်ဖို့ အာဆီယံအဖွဲ့က အားထုတ်လုပ်ဆောင်လျှက်ရှိပါတယ်။
 
ဒီကိစ္စရပ်တွေမှာ သံတမန်ရေးရာနည်းလမ်းအရ ဆောင်ရွက်ဖို့အတွက် အထူးသံတမန်အဖြစ် Erywan Yusof ကို အာဆီယံအဖွဲ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာ မြန်မာနိုင်ငံကိုသွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ၊ ဒါပေမယ့် မသွားခင်မှာ အာမခံချက်တွေရဖို့လိုတယ်လို့ Erywan Yusof ကရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
 
မြန်မာနိုင်ငံကိုသွားတဲ့အခါ မိမိဘာလုပ်ရမယ်ဆိုတာနဲ့ ဘယ်နေရာတွေသွားခွင့် လုပ်ခွင့်ပေးမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လို့ သူကပြောပါတယ်။
 
သူ့ရဲ့မြန်မာခရီးစဉ်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် အောက်တိုဘာနှောင်းပိုင်းမတိုင်မီ သွားလိုတယ်လို့ Erywan Yusof ကပြောဆိုထားပေမယ့် ရက်အတိအကျမသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။
 
Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဘန်ဒါဆရာဘဂါ၀မ်

Related posts

Leave a Comment

VOM News

FREE
VIEW