အာဖဂန်မှာ အမျိုးသမီးအခွင့်အရေးများအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေ

ကဘူး၊ စက်တင်ဘာ-၅-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့က ထိန်းချုပ်ပြီးနောက် အမျိုးသမီးဒါဇင်ပေါင်းများစွာဟာ ကဘူးမြို့မှာ အမျိုးသမီးအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုတွေကို စက်တင်ဘာ ၄ ရက်မှာပြုလုပ်ခဲ့ကြပါတယ်။
 
ဆန္ဒပြအမျိုးသမီးတွေဟာ သမ္မတနန်းတော်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပြီး သူတို့ကို တာလီဘန်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ပစ်မှတ်ထားဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် ဆန္ဒပြပွဲဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာကြောင့် တာလီဘန်တွေက ဖြိုးခွင်းထိန်းသိမ်း ခဲ့ရတာလို့ အာဖဂန်အခြေစိုက် တိုလိုသတင်းဌာနက ဖော်ပြထားပါတယ်။
 
နိုင်ငံကိုတာလီဘန်တွေက ထိန်းချုပ်ပြီးနောက် မြို့တော်ကဘူးနဲ့ ဟီရတ်တို့မှာ အမျိုးသမီးတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။
 
အမျိုးသမီးတွေကတော့ အလုပ်လုပ်ခွင့်နဲ့ အစိုးရအဖွဲ့မှာ ပါ၀င်ခွင့်ရရေးတို့ကို တောင်းဆိုနေကြပါတယ်။
 
လာမယ့် ရက်အနည်းငယ်အတွင်းမှာ အာဖဂန်အစိုးရသစ်ကို ဖွဲ့စည်းတော့မယ်လို့ တာလီဘန်တွေက ကြေညာထားပါတယ်။
 
အစိုးရအဖွဲ့မှာ အမျိုးသမီးတွေပါ၀င်ခွင့်ရမှာဖြစ်ပေမယ့် ၀န်ကြီးအဆင့်ရာထူးတွေကိုတော့ ခန့်အပ်မည်မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
 
Ref:BBC
Photo: Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW