ဂီနီနိုင်ငံမှာ သမ္မတကို စစ်တပ်ကဖမ်းဆီးပြီး အာဏာသိမ်းမှုဖြစ်ပွား

ကိုနာခရီ၊ စက်တင်ဘာ-၆-၂၀၂၁
မျိုးဆက် (VOM)
 
ဆင်းရဲတဲ့ အနောက်အာဖရိကနိုင်ငံ ဂီနီမှာ စစ်တပ်ကနေ သမ္မတကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် စက်တင်ဘာ ၅ ရက်မှာ အာဏာသိမ်းလိုက်ပြီး ညမထွက်ရအမိန့်ကိုလည်း ချမှတ်လိုက်ပါတယ်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့အတွက် သမ္မတကိုဖမ်းဆီးလိုက်ပြီးနောက် အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဂီနီစစ်ဘက်တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
 
ဂီနီနိုင်ငံရဲ့ နယ်စပ်တွေနဲ့ လေကြောင်း၀င်ထွက်မှုတွေကိုလည်း ပိတ်သိမ်းထားပြီး အစိုးရကို ဖျက်သိမ်းကြောင်း သူကဆိုပါတယ်။
 
နိုင်ငံတစ်၀န်းမှာ နောက်ထပ်ထုတ်ပြန်ချက်တစုံတရာမရှိမခြင်း ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်းနဲ့ စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှာ သမ္မတကွန်ဒီရဲ့ အစိုးရအဖွဲ့မှ ၀န်ကြီးတွေနဲ့ အစည်းအဝေးပြုလုပ်မယ်လို့ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၅ ရက်နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
 
အစည်းအဝေးတက်ရောက်ဖို့ ငြင်းဆန်သူတွေကို ပုန်ကန်သူအဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာချကမှာ ဖော်ပြထားပါတယ်။
 
နိုင်ငံရှိ အုပ်ချုပ်ရေးမှူးတွေနဲ့ အခြားထိပ်တန်းအစိုးရတာ၀န်ရှိသူတွေနေရာမှာ စစ်တပ်ကလူတွေနဲ့ အစားထိုးမယ်လို့ ကြေညာထားပါတယ်။
 
Ref :CNA
Photo: Getty Images
#voiceofmyanmar #VOM #ကိုနာခရီ

Related posts

Leave a Comment

VOM News

FREE
VIEW