ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ ခရီးသည်တင်ကား ထိခိုက်မိပြီး လူ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ ( VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့အနောက်ဘက် သပြေကုန်းရွာနဲ့ ဦးနှောက်ရွာအကြား မယ်ဇလီတန်းနေရာ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ
ဒီကနေ့ ညနေပိုင်း ၂ နာရီ ၄၅ မိနစ် ဝန်းကျင်က လမ်းဘေးထောင်ထားတဲ့ မိုင်းတွေကို ခရီးသည်တင်ကားတစ်စီးက နင်းမိပြီး ပေါက်ကွဲတာကြောင့် ကားပေါ်ပါ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
” ပေါက်ကွဲသံတွေတော့ ဒီညနေ ၃ နာရီလောက်က ကြားလိုက်ရတယ် ၊ ကားလမ်းဘက်ကဆိုတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ရွာကလူတွေ အကုန်လုံး နီးစပ်ရာကို ပြေးကြတာ၊ နောက်မှ မှန်လုံကားက မိုင်းနင်းမိတယ်ဆိုတာ သိရတာ ” လို့ သပြေကုန်းရွာခံတစ်ယောက်က ပြောပါတယ်။
 
မိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပုလဲ မ.စ.ကရုံး တာဝန်ရှိသူတစ်ဦးက” ဒီမနက် အစောပိုင်းက ကလေးမြို့ကနေ ရန်ကုန်မြို့ကို မောင်းလာတဲ့ ဟိုက်ကလပ်စ်ခရီးသည်တင် မှန်လုံကား ဖြတ်သန်းမောင်းနေတဲ့အချိန် ကားလမ်းဘေး အမှိုက်ပုံတွေနားက မိုင်း ၃ လုံး ပေါက်ကွဲခဲ့တာဖြစ်တယ် ၊ ကနဦးပဲ သိရသေးတာက ကားမှန်တွေကွဲတယ် ကားပေါ်က ၁ ယောက် ဒဏ်ရာရတယ် ၊ နယ်မြေရှင်းလင်းရေးအဖွဲ့တွေ သွားနေတုန်းမို့ အသေးစိပ်ပြောလို့ မရသေးဘူး ” လို့ ပြောပါတယ်။
 
အခုလ ၁ ရက်ကစလို့ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ ယာဥ်အသွားအလာတွေ လုံးဝမလုပ်ဖို့ အင်တာနက်လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW