မန္တလေးမြို့ ၆၂လမ်းမပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးပြင်းထန်ဒဏ်ရာရ

မန္တလေး၊ စက်တင်ဘာ ၆-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်းနဲ့ ၄၃လမ်းထောင့်မှာ ဒီကနေ့ညနေပိုင်းက ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား(၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ထိတာက ရဲတပ်သား၊ ဘယ်ခြေထောက် ပေါင်ရင်းကနေ ကြေမွသွားတဲ့ ဒဏ်ရာရတယ်၊ ခုတော့ ဖြစ်တဲ့နေရာကို စစ်ဆေးနေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
 
ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လှည့်ကင်းလှည့်တဲ့ ရဲတွေရောက်ရှိနေချိန် ဆိုင်ကယ်နဲ့အမျိုးသား(၁)ဦးက လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
လမ်းသွားလမ်းလာပြည်သူတစ်ဦးကလည်း “အဲ့ဒီနေရာမှာ စစ်သားရော ရဲတွေရော စစ်နေတာ၊ တချို့ရဲတွေက ဆိုင်ကယ်တွေနဲ့ ပတ်နေတာ”လို့ ပြောပါတယ်။
 
ဗုံးထိသွားတဲ့ ရဲတပ်သားကို တပ်ဆေးရုံပို့ထားတယ်လို့ သိရပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စစ်တပ်က လာရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ရုံးအစောင့်ကျနေတဲ့ စစ်သားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
 
မန္တလေးမြို့ပေါ်က ဌာနဆိုင်ရရုံးတွေနဲ့ ရဲစခန်းတွေမှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မန္တလေး #ဗုံးပေါက်ကွဲမှု
ပုံစာ-၆၂လမ်းနှင့် ၄၃လမ်းထောင့်မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW