တောင်တွင်းကြီးမြို့နယ် ၁၀၃ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်

စက်တင်ဘာ ၇-၂၀၂၁
KK(VOM)
 
တောင်တွင်းမြို့နယ် တပ်မ(၈၈)လက်အောက်ခံ၊ အမှတ် ၁၀၃ ခြေမြန်တပ်ရင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
 
အမှတ် ၁၀၃ခြေမြန်တပ်ရင်း ဒီကနေ့ ဗုံးပေါက်ကွဲမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလိုင် ၂၆ရက်ကလည်း တပ်ရဲ့အဝင်ဂိတ်မှာ ဗုံးပေါက်ခဲ့ဖူးတယ်လို့ တပ်ရင်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“မနက်ပိုင်းက ဖြစ်တာပါ အသံတော့ကြားတယ် အကျယ်ကြီးပဲ၊ တောင်တွင်းကြီးမှာ ဗုံးက ခဏခဏပေါက်နေတာ၊ ၁၀၃တပ်ဆိုနှစ်ခါရှိပြီ သေတယ်လို့တော့မကြားဘူး”လို့ သူက ပြောပါတယ်။
 
တောင်တွင်းကြီးမြို့နယ်၊ အမှတ်၁၀၃ ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်ကွဲခဲ့တာမှန်ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး VOMအနေနဲ့ ဆက်လက်စုံစမ်းနေပြီး သီခြားအတည်ပြုလို့မရသေးပါဘူး။
 
တောင်တွင်းကြီးမြို့နယ်ဟာ မေလကုန်ကစပြီး ဌာနဆိုင်ရာရုံးတွေ၊ မြို့စောင့်တပ်တွေ၊ ရဲဝန်ထမ်းအိမ်ယာတွေနဲ့ အုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ ဗုံးပေါက်ခဲ့တာ ၁၀ကြိမ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
 
VOMသတင်းဌာနက ပြုစုထားသောအချက်အလက်တွေအရ တောင်တွင်းကြီးမြို့နယ်ရဲ့ ဗုံးပေါက်ကွဲမှုမှတ်တမ်းမှာ မေလ၂၄ ရက်က မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗုံးကွဲမှု၊မြို့နယ်ပညာရေးမှူးရုံး၊ ရဲဝန်ထမ်အိမ်ယာ၊ မေလ ၃၁ရက်က တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံး၊ဇွန် ၅ ရက်က မြန်မာ့စီးပွားရေးဘဏ်၊ဇွန် ၆ရက်က သတင်းပေးသူတစ်ဦးနေအိမ်၊ဇွန်၂၆ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ဇူလိုင် ၂၈ရက်က တောင်တွင်းကြီးအခြေစိုက် ခြေမြန်တပ်ရင်း၁၀၃ ၊သြဂုတ် ၂ရက်က ၂ရပ်ကွက် မောင်းတိုင်အုပ်ချုပ်ရေးမှူးနေအိမ်၊ သြဂုတ် ၁၄ရက်က တောင်တွင်းကြီးမြို့နယ် အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာတို့ဖြစ်ပြီး ဩဂုတ် ၂၁ရက်က ရွှေအိုး ၁ရပ်ကွက် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။
 
#voiceofmyanmar #VOM #တောင်တွင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW