ဒလနဲ့ မရမ်းကုန်းမှာ ဗုံးပေါက်​ပြီး စျေးရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၇၊ ၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်း ဒလမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ခဲ့လို့ ပြည်သူနှစ်ဦးဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ (၁)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ ဘုရင့်နောင် တံတားအောက်ယာဉ်ထိန်းရုံးမှာ ဒီကနေ့မနက် ၁၁နာရီက ဗုံးပေါက်ခဲ့ရာ ကွမ်းယာရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ရထားတယ်လို့ ၁ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
“တံတားအောက်မှာ ကွမ်းယာရောင်းနေတဲ့သူနှစ်ယောက်ပါ၊ ဗုံးပေါက်တဲ့အချိန် ဗုံးစထိမှန်လို့ ဆေးရုံတင်လိုက်ရတယ်”လို့ သူကပြောပါတယ်။
 
လက်လုပ်မိုင်းဗုံးကွဲလို့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုရဲထင်ကျော်နဲ့မတီတီလှိုင်တို့ဖြစ်ပြီး လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
ဒလမြို့နယ်၊ မြို့မ (၄) ရပ်ကွက်ဗိုလ်ချုပ်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာလည်း ဒီကနေ့မနက် ၅နာရီက ဗုံးပေါက်ခဲ့တယ်လို့ ဒလမြို့နယ်နေသူတစ်ဦးကပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၆ရက် ည ၇:၃၀ ကလည်း လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ပါရမီလမ်းထောင့် ယာဉ်ထိန်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
 
အလားတူ မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်ရှိ ဘောဂသီဒွီကွန်ဒိုမှာ စက်တင်ဘာ ၅ရက်နေ့ ညနေကဗုံးပေါက်ခဲ့လို့ ညစောင့်လုံခြုံရေးဝန်ထမ်းနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW