ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ကို အမည်မသိ လက်နက်ကိုင်ထားသူတွေက ဖမ်းဆီးသွား

စက်တင်ဘာ ၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ မုဌောကျေးရွာအုပ်စု ၊ မုဌောကျေးရွာက ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ဟာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက မုံရွာမြို့ကနေ ဆေးကုပြီး ရွာကိုပြန်တဲ့လမ်းမှာ အမည်မသိ လက်နက်ကိုင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနီမြို့ခံရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မုံရွာက ဆေးကုပြန်လာတဲ့ ဘုန်းကြီးကားပေါ်က ဘုန်းကြီးနဲ့ လူတွေကို ကနီမြို့နယ်၊ ချောင်းမကျေးရွာအုပ်စု သင့်ဝင်ရွာအနီး၊ ချောင်းမ-ကနီ ကားလမ်းနေရာမှာ မျက်နှာဖုံး mask တွေတပ်ထားပြီး လက်နက်တွေကိုင်ထားတဲ့ လူတွေက ဖမ်းခေါ်သွားတာ “လို့ ဇီးခြံလုပ်သားတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် မုဌောရွာခံ တစ်ယောက်က “ဥ္ပဇင်း ဥူးကေလာ၊ ဦးခင်မောင်တင့် ၊ ဦးခင်မောင်လွင် ၊ ကိုချစ်ဝိုင်း နဲ့ ကားမောင်းတဲ့သူ ဂျစ်တူးဆိုတဲ့ လူ ၅ ယောက်ကို ဖမ်းခေါ်သွားတာ ” လို့ ပြောပါတယ်။
 
အခုထြစ်စဉ်ဟာ ဘယ်အဖွဲ့အစည်းက ဘာကြောင့်ဖမ်းတယ်ဆိုတာ အတည်ပြုပြောကြားပေးမယ့်သူတွေ မရှိတာကြောင့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
အဲ့ဒီလူတွေ ဖမ်းခံလိုက်ရတဲ့နေရာဟာ ကနီမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်လောက် ကွာဝေးတာကြောင့် ကွင်းဆင်းစစ်ဆေးပြီးမှ အခြေအနေကို ပြောလို့ရမှာဖြစ်တယ်လို့ ကနီမြို့နယ်ကောင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလကလည်း ကနီမြို့နယ်၊ မုဌောရွာဘုန်းကြီးကျောင်းမှာ မကြာခဏ ကြွရောက်လာလေ့ရှိတဲ့ ပန်းဆိုင်းရွာက ဘုန်းကြီး ၁ ပါးဟာ အမည်မသိ လူတစုက ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီးနောက် ချင်းတွင်းမြစ် ဒတဖက်ကမ်းမှာ ဒဏ်ရာများစွာနဲ့ ပျံလွန်တော်မူနေတာလည်း ဖြစ်ပွားခဲ့ပါသေးတယ် ။
 
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လထဲက မင်းကင်းနယ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်ကို စက်လှေ ၁ စီး ဘုန်းကြီး ၁ ပါး လူ ၃ ယောက်ပါတဲ့ မိသားစုဟာ ကနီနယ်၊ နတ်ရွာအနီးမှာ ပျောက်ဆုံးနေတာ ဒီကနေ့အထိဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကနီ

Related posts

Leave a Comment

VOM News

FREE
VIEW