ဂျပန်နိုင်ငံမှာ အီတာ သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှု စတင်တွေ့ရှိ

တိုကျို၊ စက်တင်ဘာ-၁၀-၂၀၂၁
မျိုးဆက်(VOM)
 
ဂျပန်နိုင်ငံမှာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ၁၈ ခုကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုကပါတယ်။
 
ဒါဟာ နိုင်ငံအတွင်းမှာ အဲဒီ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်တာဖြစ်ပါတယ်။
 
အီတာဗိုင်းရပ်စ်မျိုးကွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။
 
လက်ရှိကူးစက်ခံရသူတွေကတော့ ပြီးခဲ့တဲနှစ်ဒီဇင်ဘာကနေ စက်တင်ဘာ ၃ ရက်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိပြီးနောက် ကွာရန်တင်းစင်တာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူတွေဆီကနေ နမူနာတွေကို ရယူစမ်းသပ်ခဲ့ရာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုခံရသူ ၁၈ ခုဦးကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှတော့ အီတာသန္ဓေပြောင်းဗိုင်းရပ်စ် မျိုးကွဲဟာ အမေရိကနနဲ့ ဥရောပနိုင်ငံတေါအပါအ၀င် နိုင်ငံပေါင်း ၇၀ ကျော်သို့ ပြန့်နှံ့နေတယ်လို့ ဆိုပါတယ်။
 
Ref: NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW