ရုရှားနဲ့ အလုံးစုံစစ်ပွဲဖြစ်နိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ စက်တင်ဘာ-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
ယူကရိန်းဟာ အိမ်နီးချင်းရုရှားနိုင်ငံနဲ့ အလုံးစုံစစ်ပွဲဖြစ်နိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ သူကပြောပါတယ်။
 
၂၀၁၄ ခုနှစ်မှာ ကရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို ကျောထောက်နောက်ခံပြုထားတဲ့ ရုရှားနိုင်ငနဲ့ စစ်ဖြစ်နိုင်ခြေကို ယယ်လ်တာဥရောပမဟာဗျူဟာဆွေးနွေးပွဲ (ဝိုင်အီးအက်စ်) မှာ ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ဒါဟာ အဆိုးဆုံးဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ၊ ဒါပေမယ့် စစ်ပွဲကတော့ ကံအကြောင်းမလှစွာပင် ဖြစ်နိုင်ခြေရှိတယ်လို့ သမ္မတ ဇယ်လန်စကီးက ပြောပါတယ်။
 
အမေရိကန်နဲ့ ဆက်ဆံရေးကတော့ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် နေတိုးမဟာမိတ်အဖွဲ့သို့၀င်ရောက်ဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့အဖြေမရသေးတာကြောင့် စိတ်ပျက်မိတယ်လို့ ယူကရိန်းသမ္မတကဆိုပါတယ်။
 
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲများပြင်းထန်ပြီး ရုရှားကလည်း သူ့ရဲ့တပ်ဖွဲ့၀င်အများအပြားကို နယ်စပ်အနီးသို့ ပိုမိုဖြန့်ကြက်ခဲ့တဲ့ ယခုနှစ်အစောပိုင်းမှစပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
 
Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW