ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမှုလိုက်ရှေ့နေတွေ တွေ့ဆုံခွင့်ရ

နေပြည်တော်၊ စက်တင်ဘာ ၁၄-၂၀၂၁
KT(VOM)
 
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင်နဲ့ ဒေါက်တာမျိုးအောင်တို့ကို ဒီကနေ့ရုံးချိန်မှာ အမှုလိုက်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
” ဒီနေ့ကတော့..အမေနေကောင်းပါတယ် မနေ့ကကားမူးသွားတာပါ၊ ကားမူးတာကိုတော့မခံနိုင်ဘူးလို့ ပြောပါတယ်၊ ဒီနေ့တော့ ဆေးသောက်လာတယ်၊ကျန်းမာပါတယ်လို့ပြောပါတယ်၊နောက်ထပ် နှစ်ရက်သုံးရက်လောက်နားလိုက်ရင် သက်သာသွားမှာလို့ပြောပါတယ်၊
ကျန်တာကတော့ စွဲထားတဲ့အမှုကိစ္စတွေပြောဖြစ်ပါတယ်၊ဒီနေ့ကျမတို့ရှေ့နေတွေနဲ့ သုံးဦးစလုံးနဲ့တွေရပါတယ်၊ အမေရယ်၊ဦးဝင်းမြင့်ရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးယောက်လုံးနဲ့တွေ့ရပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
ဒီကနေ့ရုံးချိန်းမှာ သုံးဦးစလုံးရဲ့ အမှုဖြစ်တဲ့ ၅၀၅- ခ. နဲ့စွဲထားတဲ့အမှုနဲ့ပတ်သက်လို့ အမှုလိုက်ရှေ့နေတွေကလျှောက်လဲချက်ပေးခဲ့ရပြီး လျှောက်လဲချက်ကိုကြားနာကာ နောက်တစ်ပါတ် စက်တင်ဘာ ၂၁ရက်(အဂ်ါနေ့)ကို ထပ်မံချိန်းလိုက်တယ်လို့ သိရပါတယ်။
 
” နောက်ရုံးချိန်းမှာ စွဲချက်အမိန့်ချမှာပေါ့နော်၊ .နောက်တစ်မှု အမေကိုစွဲထားတဲ့ ဦးထွန်းမြင့်အောင်ရဲ့အမှုသဘာဝဘေးနဲ့စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေနှစ်ဦး ဆင့်စာအတည်မဖြစ်လို့ ကျမတို့ကိုရုံးချိန်းပဲပေးပါတယ်၊၂၁ ရက်ကိုချိန်းလိုက်ပြီး တရားခွင်နားပါတယ်” လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
ဒါ့အပြင် “အမေကတော့ အထွေအထူးမပြောပေမယ့်ထပ်စွဲထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ကျမတို့ရှေ့နေတွေနဲ့ဆွေးနွေးတာတော့ရှိပါတယ်၊အမေ့ကျန်းမာရေးကောင်းပါတယ်၊ မနေ့ကဖြစ်တာကတော့ ကားမူးလို့ဖြစ်တာပါ..အရင်ကလည်းကားစီးရင်မူးတတ်တယ်၊ အခုဖြစ်စဥ်မှာက တော်တော်ကြီးမခံနိုင်လို့ဖြစ်သွားတာလို့ပြောပါတယ်၊အိမ်မှာဆရာဝန်နဲ့ကုသမှုခံယူတယ်လို့လည်းပြောပါတယ်၊ ဆရာဝန်တစ်ယောက်အမြဲထားပေးပါတယ်၊ နပ်စ်တစ်ယောက်လည်း ထားပေးတယ်လို့ပြောပါတယ်၊..ဒီနေ့ကတော့ထွေထွေထူးထူးစစ်တာမရှိပါဘူး ၅၀၅-ခ အတွက်လျှောက်လွှဲချက်ပေးတယ်…နောက်တစ်မှုက ဆင့်စာအတည်မဖြစ်လို့မစစ်ဖြစ်ဘူး အမေကျန်းမာတယ်လို့ပြောလို့ရပါတယ် အထွေအထူးပြောတာမရှိပါဘူး အမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးတယ်ကိုယ်စားလှယ်လွှဲစာယူတယ်၊ ဒီနေ့အဲဒါတွေပဲ လုပ်ခဲ့ပါတယ်”လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေအိမ်ရှိလူအကုန်(၉)ဦးစလုံးကို Covid 19 ရှိ/မရှိ မနေ့က ၁၃.၉.၂၀၂၁.နေ့ကစစ်ပေးပါတယ်၊မရှိကြောင်းသိရပါတယ်လို့” တရားလွှတ်တော်ဒေါ်မင်းမင်းစိုးကဖြည့်စွက်ပြောကြားပါတယ်။
 
ဒီနေ့ရုံးချိန်မှာတော့ ရာဇသတ်ကြီး ၅၀၅-ခ နဲ့ သဘာဝဘေးအန္တရာယ် အမှုနှစ်မှုစစ်ဆေးခဲ့တာဖြစ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း
ပုံစာ-နစက သတင်းစဉ်က ဖေါ်ပြဘူးတဲ့ ပုံ

Related posts

Leave a Comment

VOM News

FREE
VIEW