မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ ၁၂ ဘီးကား ၁ စီး မိုင်းထိပြီး မီးလောင်လို့ လူ ၁ ဦးသေဆုံး

စက်တင်ဘာ ၁၆ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁၅ ရက်က မိုင်းပေါက်ကွဲပြီး ကားပါမီးလောင်းခဲ့တာကြောင့် လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ကားက ၁၂ ဘီး အမျိုးအစားဖြစ်ပြီး ပိုင်ရှင် အုန်နာက ကလေးမြို့ကဖြစ်တယ် ၊ ကားပြင်ဖို့အတွက် ကလေးမြို့ကနေ မန္တလေးကို ကုန်မပါဘူး ခါလီနဲ့အသွား လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် ကားမောင်းသမား နေရာမှာတင် သေသွားတယ် ” လို့ ဂန့်ဂေါမြောက်နယ် ထယ်လှော်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
ဂန့်ဂေါမြို့နယ်မှာ ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ စိုင်ဒူးရွာခံတစ်ယောက်ကလည်း ” သေဆုံးသွားတဲ့ ကားသမားက ငါတို့ တောင်ပေါ်သားဖြစ်တယ် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာက အသက် ၃၁ နှစ်အရွယ် ကိုဟောက်ခန့်ခုပ် ဖြစ်တယ် ၊ သူ့မှာက အရွယ်မရောက်သေးတဲ့ သားသမီး ကလေး ၂ ယောက်နဲ့အတူ သူ့မိန်းမက ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကျန်ရစ်ခဲ့တာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ စိုင်ဒူးရွာခံ ဆက်ပြောတာက ” အလောင်းက ကလေးမြို့ဘက်ကို ပြန်သယ်လို့မရနိုင်ဘူး ၊ အဲ့ဒါကြောင့် ငါတို့ စိုင်ဒူးရွာမှာ အသုဘချဖို့ အလောင်းသွားခဲ့တယ် ၊ ဘယ်ဘက်ဒူးအောက် ဒဏ်ရာရပြီး သွေးထွက်လွန်သေတာ ၊ မိုင်းမိတဲ့ကားကလည်း မိုင်းမိပြီး မီးရှို့ခံထားရတာဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။
 
အခုလ အစောပိုင်းကလည်း ကလေးမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ ဟိုက်ကလပ် ခရိးသည်တင် မှန်လုံကား ၁ စီးဟာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနောက်ဘက် သပြေကုန်းရွာအနီး မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မိုင်းစထိမှန်တဲ့အတွက် ကားဘေးပတ်လည်က လေကာမှန်တွေကွဲပြီး ကားပေါ်ပါ ခရီးသည်တစ်ယောက် ဒဏ်ရာရခဲ့ပါသေးတယ် ။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာအကြား ရဲလှရွာလမ်းခွဲအနီးမှာ ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့မော်တော်ကား မိုင်စထိမှန်ခဲ့တဲ့အတွက် ကားပေါ်ပါ ဆောက်လုပ်ရေး လုပ်သား ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
 
အဲ့ဒီ ဆောက်လုပ်ရေးကား မိုင်းထိတဲ့နေရာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဝန်းထမ်း ၅ ယောက် အသတ်ခံရပြီး အလောင်းတွေရော ကားပါ မီးရှို့ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW