ရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီး ဗုံးပေါက်၊ ရဲတစ်ဦးဒဏ်ရာရ

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်းထောင့်နဲ့ မရမ်းကုန်မြို့နယ်၊ ဘုရင့်နောင်နှစ်ထပ်တံတားအောက်မှာ ဒီကနေ့ နေ့လာ် ၃နာရီအချိန်က လှည့်ကင်းလှည့်နေတဲ့ စစ်ကားနဲ့ရဲကားအနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
သိမ်ဖြူလမ်းမှာ နေထိုင်သူတစ်ဦးက “စစ်တပ်နဲ့ရဲတွေ ကားနဲ့လာတဲ့ မီးပွိုင့်မိနေတုန်း ထပေါက်တာ၊ ရဲတစ်ဦး ဒဏ်ရာရတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။
 
လှည့်ကင်းကားလာချိန်မှာ သိမ်ဖြူလမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့် ယာဉ်ထိန်းရဲရုံးမှာ ထောင်ထားခဲ့တဲ့ ဗုံးထပေါက်တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
 
ဗိုလ်တစ်ထောင်မြို့နယ် သိမ်ဖြူလမ်းနဲ့ဗိုလ်ချုပ်လမ်းက မီးပွိုင့်မှာ ဗုံပေါက်ကွဲခဲ့တာ မှန်ပေမယ့် ရဲတစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကို VOMအနေနဲ့ သီခြားအတည်ပြုဖိူ့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။
 
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားသက်တော်စောင့်အဖွဲ့ (Ranger Force) အမည်နဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့ သူတို့လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မရမ်းကုန်းနဲ့လှိုင်သာယာကို ဆက်သွယ်ထာတဲ့ ဘုရင့်နောင်နှစ်ထပ်တံတားအောက်မှာလည်း ဒီကနေ့ ညနေ ၄နာရီခွဲက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သမိုင်း၁ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းရှိ မြို့နယ်အများစုမှာဌာနဆိုင်ရာရုံးတွေ စစ်တပ်ပိုင်စက်ရုံတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ၊ လှည့်ကင်းကားတွေဗုံးပေါက်ကွဲခဲ့လို့ စစ်တပ်ဘက်မှအရာရှိတစ်ဦးနဲ့ တပ်သားနှစ်ဦးအပါအဝင် ၁၀ဦးခန့်သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW