လသာမြို့နယ်က လူငယ်၃ဦးကို စစ်တပ်ကပစ်ခတ်ဖမ်းဆီးတာမှာ တစ်ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆၊၂၀၂၁
KK(VOM)
 
လသာမြို့နယ် ၅ ရပ်ကွက် ၊၂၂လမ်းမှာ မနေ့ စက်တင်ဘာ ၁၅ရက် ညနေက လူငယ်သုံးဦးကို စစ်တပ်နဲ့ရဲကပစ်ခတ်ဖမ်းဆီးခဲ့လို့ တယောက်သေပြီး ၊ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ အဲဒီရပ်ကွက်ထဲနေသူတွေဆီက သိရပါတယ်။
 
၅ရပ်ကွက်၂၂လမ်းတွင်နေထိုင်သူတတယောက် ပြောပြတာက
 
“မနေညနေပိုင်းက ဖြစ်တာ စစ်တပ်နဲ့ရဲတွေက လမ်းထဲကတိုက်ကို လာဖမ်းတာ လူငယ်တွေက အနောက်လှေကားက ဆင်းပြေးတာကိုပစ်တာ တစ်ယောက်က အခြေအနေမကောင်းဘူး”လို့ပြောပါတယ်။
 
စစ်သားတွေနဲ့ရဲတွေက မနေ့မနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ် ရပ်ကွက်တခုက နေအိမ်တလုံးကို ဝင်ရောက်စစ်ဆေးခဲ့တာမှာ လက်နက်တွေ တွေ့ရှိခဲ့ပြီးနောက် ညနေပိုင်းမှာ လသာမြို့နယ် ၅ရပ်ကွက်၂၂လမ်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
၂၂လမ်းဖြစ်စဥ်နဲ့ပါတ်သတ်ပြီး VOMမှ ရဲတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းကြည့်တော့
“ဟုတ်တယ်ဗျ တစ်ဦးသေတယ် ၂ဦးကတော့ ဒဏ်ရာရတယ် မနေ့ညနေပိုင်းက ဖြစ်တာပါ”လို့ အတည်ပြုဖြေပါတယ်။
 
ညပိုင်းမှာလည်း လသာမြို့နယ်အတွင်း လမ်းမတော်လမ်းနဲ့၁၉လမ်းမှာလည်း စစ်တပ်နဲ့ရဲတွေဟာ ထပ်မံဖမ်းဆီးခဲ့ပြီး ဖမ်းမိတဲ့လူဦးရေအတိအကျမသိသေးလို့ စုံစမ်းနေတယ်လို့ လမ်းမတော်ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
 
ဒါ့အပြင် မနေ့ညပိုင်းကလည်း စစ်တပ်နဲ့ရဲတွေဟာ ကမာရွတ်မြိုနယ် ရပ်ကွက်အချို့က လူငယ် ၁၂ဦးတို့ကိုဖမ်းဆီးခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #လသာ #ရန်ကုန်ဖမ်းဆီးမှု
 
ပုံစာ- စစ်တပ်နဲ့ရဲတွေ ရန်ကုန်က မြို့နယ်တခုမှာ ဧည့်စာရင်းစစ်ဆေးနေစဥ်(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW