သန်လျင်မှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁
KK(VOM)
 
သန်လျှင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ ကညင်ပင်ဘုန်းကြီးကျောင်းလမ်းမှာ ဒီကနေ့မနက် ၉နာရီက ရာအိမ်မှူးကို သေနတ်နဲ့ခြောက်ချက်ပစ်ခံရတာကြောင့်
သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကျောက်ရေတွင်းကျေးရွာနေသူတစ်ဦးက “သူ့အိမ်ရှေမှာ လမ်းလျှောက်နေတဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့
လူနှစ်ယောက်က ပစ်တာ၊ လက်မောင်းရယ် ခြေထောက်ရယ်၊ ရင်ဘတ်ရယ် ခြောက်ချက်ပစ်ခံရတာ”လို့ ရှင်းပြပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခံရသူဟာ ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူးဦးအုန်းလွင်ဆိုသူဖြစ်ပြီး သန်လျှင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လက်တလော စစ်တပ်နဲ့ရဲတွေဟာ ကျောက်ရေတွင်းကျေးရွာနဲ့ကညင်ပင်လမ်းမတစ်လျှေက် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
သန်လျင်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူအချို့လည်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #သန်လျင်

Related posts

Leave a Comment

VOM News

FREE
VIEW