အိုင်စီစီက စစ်ဆေးမယ့်ကိစ္စ ဖိလစ်ပိုင် လက်မခံ

မနီလာ၊ စက်တင်ဘာ-၁၆-၂၀၂၁
မျိုးဆက် (VOM)
 
ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး(အိုင်စီစီ)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံက ပူပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
 
အိုင်စီစီဟာ သမ္မတဒူတာတေးခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအပေါ် တရား၀င်စုံစမ်းမှုတွေပြုလုပ်ဖို့ စက်တင်ဘာ ၁၅ရက်မှာ အတည်ပြုခဲ့ပါတယ်။
 
ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲဟာ ဥပဒေဘောင်အတွင်းက တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် စနစ်တကျကျူးလွန်ခဲ့တာလို့ အိုင်စီစီတာ၀န်ရှိသူတွေက ပြောပါတယ်။
 
သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံကို အိုင်စီစီအဖွဲ့၀င်အဖြစ်မှ ၂၀၁၈ခုနှစ် မတ်လမှာ နှုတ်ထွက်ခဲ့တာကြောင့် အိုင်စီစီက စစ်ဆေးပိုင်ခွင့်မရှိတော့ဘူးလို့ သမ္မတဒူတာတေးရဲ့ ဥပဒေအကြံပေး အကြီးအကဲ ဆာဗာဒိုပန်နီလိုက ပြောပါတယ်။
 
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၈ခုနှစ်မှာ အိုင်စီစီအဖွဲ့၀င်အဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့်လည်း မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၆ခုနှစ်နဲ့ ၂၀၁၉ခုနှစ်အကြား ကျူးလွန်ခဲ့တဲ့ အတွက် စုံစမ်းစစ်ဆေးဖို့ တရား၀င်ကြောင်း အိုင်စီစီက ဆိုပါတယ်။
 
Ref : CAN
Photo:CGTN
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW