ကွမ်းခြံကုန်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁
KK(VOM)
 
ကွမ်းခြံကုန်းမြို့နယ်၊ ကွမ်းခြံကုန်း-လက်ခုပ်ကုန်း ကားလမ်းမှာ ဒီကနေ့ မနက် ၁၁နာရီခန့်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကွမ်းခြံကုန်မြို့ပေါ်ကို အလုပ်ကိစွနဲ့သွားပြီး နေအိမ်ကိုပြန်လာချိန် မိုင်တိုင် ၁၂ကားလမ်းမပေါ်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“သေနတ်ဒဏ်ရာ နှစ်ချက်ထိပြီး သေတာ၊ အလုပ်ကိစွနဲ့မြို့ထဲသွား အိမ်အပြန်မှာ ပစ်သတ်ခံရတာပါ၊ ဘာကြောင့်သတ်လဲတော့ မသိဘူး”လို့ သူကပြောပါတယ်။
 
သေဆုံးသူဟာ တော်ကူးကျေးရွာက ဦးမြစိုးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားရာ ကားလမ်းမနဲ့ တော်ကူးကျေးရွာမှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
နစကကောင်စီလက်ထက်မှာ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုနဲ့ ထောက်ခံအားပေးသူပေါင်း ၂၅၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
#voiceofmyanmar #VOM #ကွမ်းခြံကုန်း #ပြည်ခိုင်ဖြိုးပါတီဝင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW