ဂျကာတာရဲ့ လေထုအရည်အသွေးကောင်းမွန်ရေး လုပ်ဆောင်ဖို့ သမ္မတဂျိုကိုဝီဒိုဒိုကို တရားရုံးအမိန့်ချ

ဂျကာတာ၊ စက်တင်ဘာ-၁၇-၂၀၂၁
မျိုးဆက် (VOM)
 
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အခြားထိပ်တန်းတာ၀န်ရှိသူတွေဟာ ဂျကာတာမြို့ရဲ့ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ရာမှာ ပေါ့ဆမှုရှိခဲ့တယ်လို့ အင်ဒိုနီးရှားတရားရုံးတစ်ခုက စက်တင်ဘာ ၁၆ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
 
သမ္မတနဲ့ပတ်သက်ပြီး တရားရုံးရဲ့သမိုင်း၀င် ဆုံးဖြတ်ချက်မှာတော့ လေထုအရည်အသွေးစောင့်ကြည့်ဖို့နဲ့ မြို့တော်ဂျကာတာမှာ လေထုအရည်သွေးကောင်းမွန်ဖို့ အခြားအစီအမံတွေကို သမ္မတက လုပ်ဆောင်ဖို့အတွက် တရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။
 
လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ဂျကာတာဒေသခံတွေက ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုမှုကို စတင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စီရင်ချက်ချဖို့ အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့ရပါတယ်။
 
လေထုညစ်ညမ်းမှုကြောင့် ဂျကာတာဒေသခံတွေရဲ့ သက်တမ်းဟာ ၅ ဒသမ ၅ နှစ်ထိ တိုတောင်းလာတယ်လို့ အမေရိကန်သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
လူဦးရေ ၁၀ သန်းကျော်နေတဲ့ ဂျကာတာမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း အကြီးအကျယ်ဖြစ်ပေါ်နေပြီး ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကလည်း လေစစ်ထုတ်မှုစနစ်တွေ တပ်ဆင်ထားခြင်းမရှိဘူးလို့သိရပါတယ်။
 
လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အရည်အသွေးတိုးတက်ဖို့ လုပ်ဆောင်ရန် သမ္မတဂျိုကိုဝီဒိုဒိုကို တရားရုံးကညွှန်ကြားခဲ့ပြီး ပြည်နယ်အစိုးရအနေနဲ့လည်း ယာဉ်အိုယာဉ်ဟောင်းတွေက ကာဗွန်ထုတ်လုပ်မှုအပါအ၀င် ပြင်ပလေထုအရေအသွေးကို စစ်ဆေးရမယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW