ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ၅၀၅-ခ အမှု စွဲချက်တင်အမိန့်ချ

နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၁
KT(VOM)
 
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ၅၀၅-ခအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ရုံးချိန်မှာ စွဲချက်တင်အမိန့်ချလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
” ဒီနေ့အမေ့ကိုစွဲထားတဲ့ ၅၀၅ – ခအမှုနဲ့ပတ်သက်ပြီးစွဲချက်တင်ကြောင်းအမိန့်ချလိုက်ပါတယ်၊ ဒီနေ့ရုံးချိန်းမှာ အမေရယ်၊သမ္မတရယ်၊ဒေါက်တာမျိုးအောင်ရယ် သုံးဦးလုံးနဲ့တပြိုင်တည်းတွေ့ရပါတယ်၊ တွေ့ပြီးတော့ ဦးစိုးစိုးရွှေစွဲထားတဲ့ ပုဒ်မ ၅၀၅-ခ အမှုကိုစွဲချက်တင်လိုက်ပါတယ်၊ စွဲချက်တင်ကြောင်းအမိန့်ချတယ်ပေါ့နော်၊ ကျမတို့ဘက်က ပြန်ခေါ်သက်သေနှစ်ဦးရှိကြောင်းလျှောက်ပါတယ်၊ တရားရုံးကခွင့်ပြုတယ်၊ နောက်အပတ်ရုံးချိန်းမှာ ပြန်ခေါ်သက်သေစစ်ပါမယ်၊နောက်သဘာဝဘေးအမှုကိုစစ်ပါတယ်၊သဘာဝဘေးအမှုမှာ တရားလိုပြသက်သေတဦး(အောင်ဇမ္ဗူရပ်ကွက်ကသက်သေပေါ့နော်)စစ်ပါတယ်၊စစ်ပြီးတော့မှ ကျန်တဲ့တရားလိုပြသက်သေ နှစ်ဦးကိုစစ်ဖို့ ၂၈.၉.၂၀၂၁ နေ့ကိုချန်းလိုက်ပါတယ်”လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
ဒါ့အပြင် “ဒီနေ့ဘာမှမထူးပါဘူး ဘာမှထွေထွေထူးထူးမပြောဖြစ်ပါဘူး အမှုနဲ့ပတ်သက်ပြီးပြောကြပါတယ်၊စွဲချက်တင်အမိန့်ချတာက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ကိုစွဲချက်တင်အမိန့်ချပါတယ်၊ပြန်ခေါ်ရှိလားလို့တရားသူကြီးကမေးတယ်၊ကျမတို့က နှစ်ဦးရှိတယ်ဆိုပြီးတင်ပြတော့ ပြန်ခေါ်သက်သေကို နောက်ရုံးချိန်းမှာစစ်မယ်၊ ပြန်ခေါ်သက်သေစစ်ပြီးမှ တရားခံစစ် စစ်မှာပေါ့နော်”လို့ ဒေါ်မင်းမင်းစိုးကဆက်ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အဂတိအမှုကိုတော့ အောက်တိုဘာ ၁ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတဲ့အပြင် အဂတိအမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဖို့ ပြောထားတယ်လို့လည်း သိရပါတယ်။
 
” အမေ့ကျန်းမာရေးကောင်းပါတယ် ဒါပေမယ့် အခုနောက်ပိုင်း ကားမူးတယ်လို့တော့ပြောပါတယ်၊ ဒါပေမယ့် လန်းလန်းဆန်းဆန်းပါပဲ၊ အဂတိအမှုက အောက်တိုဘာ ၁ ရက်နေ့ချိန်းထားပါတယ်၊အဂတိမှုကိုအပတ်စဥ်သောကြာနေ့တိုင်းစစ်ဖို့ပြောထားပါတယ်၊အစိုးရလျှိုဝှက်ချက်နဲ့စွဲထားတာကိုစစ်ဖို့ ၂၃ ရက်နေ့ချိန်းထားပါတယ်၊ လျှို့ဝှက်ချက်နဲ့စွဲထားတဲ့အမှုက ဒက္ခိဏခရိုင်ရုံးကိုချထားကြောင်းသာသိရပါတယ်၊ဘယ်ရုံးမှာစစ်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူး”လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည် #၅၀၅ခ #စွဲချက်တင်အမိန့်ချ

Related posts

Leave a Comment

VOM News

FREE
VIEW