မြန်မာနိုင်ငံက မြေရှားသတ္တုတွေ တရုတ်နိုင်ငံဘက်ကိုတင်သွင်းမှု ၉၀ ရာခိုင်နှုန်းကျော် ကျဆင်း

ပေကျင်း၊ စက်တင်ဘာ-၂၁-၂၀၂၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်အဓိကဂိတ်တစ်ခုကို ပိတ်ထားတာကြောင့် မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တရုတ်နိုင်ငံက တင်သွင်းမှုဟာ သြဂုတ်လအတွင်း အလွန်နည်းပါးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ တရုတ်ကုန်သွယ်ရေး အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
 
တရုတ်နိုင်ငံဟာ အီလက်ထရောနစ်ပစ္စည်းတွေ၊ စစ်သုံးပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မြေရှားသတ္တုကို ကမ္ဘာပေါ်မှာ အကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမယ့် ကုန်ကြမ်း ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအပေါ် မှီခိုနေရပါတယ်။
 
ဒီလိုတင်သွင်းမှုလျော့နည်းသွားတာကြောင့် လျှပ်စစ်ကားတွေ၊ လေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေး တာဘိုင်တွေမှာအသုံးပြုတဲ့ မြေရှားသတ္တုသံလိုက်ထုတ်လုပ်မှုအပေါ် ထိခိုက်ခဲ့ပြီး တာဘီယမ်နဲ့ ဒိုင်စပေါ်စီယမ် လိုမျိုး အဓိကသံလိုက်သတ္တုတွေ စျေးနှုန်းကြီးမြင့်နေပါတယ်။
 
ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေအသုံးပြုနိုင်မယ့် ပစ္စည်းအဖြစ် မြန်မာနိုင်ငံကနေ တရုတ်ဘက်ကို မြေရှားသတ္တုတင်ပို့မှုဟာ ပြီးခဲ့တဲ့လအတွင်းမှာ ၂၃ တန်သာရှိခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါဟာ ဇူလိုင်လကတင်ပို့တဲ့ တန် ၂၇၀ ပမာဏာထက် ၉၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားတာဖြစ်ပါတယ်။
 
Ref: CNA
Photo:VCG
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW