အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု အောက်တိုဘာလမှာ ပြန်လည်စတင်မယ်

ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပြည်ပတင်ပို့မှုကို အောက်တိုဘာလမှပြန်လည်စတင်မယ်လို့ အိန္ဒိယအစိုးရက စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောကြေညာလိုက်ပါတယ်။
 
နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်တက်ခဲ့တာကြောင့် ကာကွယ်ဆေးတွေပြည်ပတင်ပို့မှုတွေကို ဧပြီလမှာ ရပ်ဆိုင်းခဲ့ပါတယ်။
 
ကမ္ဘာ့ပေါ်မှာ ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာထုတ်လုပ်တဲ့ Astrazeneca ကာကွယ်ဆေးတွေကို ပြည်ပနိုင်ငံတွေကို အများအပြားတင်ပို့ခဲ့ပါတယ်။
 
အောက်တိုဘာ သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းမှာ ကာကွယ်ဆေးတွေပြန်လည်တင်ပို့မယ့်အစီအစဉ်ကို အိန္ဒိယကျန်းမာရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
 
အိန္ဒိယနိုင်ငံဟာ ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံတကာပါ၀င်တဲ့ COVAX အစီအစဉ်သို့ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ပေးနိုင်ခဲ့ပြီး တင်ပို့မှုရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဖြူးရေးအပေါ် ထိခိုက်ခဲ့ရပါတယ်။
 
Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW