တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမိသားစု ၂ စု ပစ်သတ်ခံရလို့ လူ ၄ ယောက်သေ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ မိသားစု ၂ စုဟာ မနေ့ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် လူ ၄ ယောက်သေဆုံးသွားတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇ နှစ် အသတ်ခံရတာဖြစ်တယ် ၊ နောက်မိသားစု ၁ စုက ကံထူးမ နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ဒုတပ်ကြပ် ၁ ယောက်ရဲ့ မိန်းမ ဒေါ်ကေခိုင်ဦးနဲ့သူ့ကလေး အသတ်ခံရတာ ဖြစ်တယ် ” လို့ ကံထူးမစံပြကျေးရွာမှာနေတဲ့ နယ်ခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် တန့်ဆည်မြို့နယ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေနဲ့ ကံထူးမနယ်မြေ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲ့ မိန်းမဟာ ညီအစ်မအရင်း တော်စပ်ကြပြီး တန့်ဆည်မြို့နယ်ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်လောက်ဝေးတဲ့ မြို့နယ်အစွန်က ကျီကုန်း ( တောင်) ရွာက မိဘဖြစ်သူ ဦးရဲမြင့်နဲ့ ဒေါ်စန်းနိုင် အိမ်မှာ သူတို့ ၄ ယောက် အသတ်ခံရတာဖြစ်ပါတယ်။
 
အဲ့ဒီ ရဲမိသားစု ၄ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့ပေါ်က ရဲနဲ့ စစ်သားတွေဟာ ဒီကနေ့ မွန်းမတည့်ခင် အချိန်က လူသတ်မှုဖြစ်ပွားရာ ကျီကုန်း (တောင်) ရွာကို ဝင်ရောက်လာတဲ့အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကုန်တာကြောင့် ဖြစ်စဥ်အသေးစိပ်ကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ဖြေကြားပြောဆိုပေးမယ့် ရွာခံမရှိတာကြောင့် ဘယ်သူတွေက ဘာကြောင့်သတ်တယ်ဆိုတဲ့ အချက်အလက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
စစ်ကိုင်းတိုင်းထဲမှာ ရဲမိသားစုတွေ အခုလို သတ်ဖြတ်ခံရတာ ဒီ တကြိမ်ထဲတော့ မဟုတ်ပါဘူး ။ အခုလ အစောပိုင်းက ဒီပဲယင်းမြို့နယ် ညောင်လှရွာက ဒုရဲအုပ် တစ်ဦးရဲ့ အဖေနဲ့ မိထွေးတော်တဲ့ ရဲမိသားစု လူ ၂ ယောက်ကို ညအချိန် အိပ်ပျော်နေတုန်း ဓားနဲ့ ခုတ်သတ်ခံရတာလည်း ရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာ မြို့သစ်ရပ်မှာနေတဲ့ ရဲမိသားစုထဲက အဖေဖြစ်တဲ့သူကို ညအချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံရပါသေးတယ်။
 
အဲ့ဒီနောက် အခုလ ၁၅ ရက်ဝန်းကျင်က ကောလင်မြို့မှာ နေတဲ့ ရဲအရာခံ အငြိမ်းစား တစ်ဦး ရေချိုးနေချိန် သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံရတာလည်း ရှိပါတယ်။
 
စစ်ကိုင်းတိုင်းမှာ အခု စက်တင်ဘာ ၁ လတည်း ၂၃ ရက်အတွင်း တန့်ဆည်မှာ ရဲ ၂ ယောက် ကသာမှာ ယာဥ်ထိန်းရဲ ၂ ယောက် ၊ မုံရွာမှာ ယာဥ်ထိန်းရဲ ၁ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြိး မနေ့ညက မြင်းမူမြို့က ဘီယာဆိုင်ထဲမှာ သေနတ်နဲ့ အပစ်ခံရတဲ့ ဒုရဲအုပ် ၁ ယောက်ကတော့ ဒဏ်ရာရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #တန်ဆည် #ရဲမိသားစု

Related posts

Leave a Comment

VOM News

FREE
VIEW