မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့တောင်းဆို

၀ါရှင်တန်၊ စက်တင်ဘာ-၂၅-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ဂျပန်တို့ပါ၀င်တဲ့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့က စက်တင်ဘာ ၂၄ရက်မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေအားလုံး ပြန်လည်လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီစနစ် ဆောလျှင်စွာ ပြန်လည်ထွန်းကားရေးတို့အတွက် ဆက်လက်တောင်းဆိုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အဖွဲ့၀င်လေးနိုင်ငံက ခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
 
ဒီသဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ရေး၊ မြန်မာ့နိုင်ငံေ၇းမှာ ပါ၀င်သူအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအ၀င် အချက်ငါးချက်ပါ၀င်ပါတယ်။
 
လေးနိုင်ငံမဟာမိတ် Quad အဖွဲ့ရဲ့ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားကိစ္စတွေနဲ့ အင်ဒို-ပစိဖိတ်အရေးတို့ ပါ၀င်ခဲ့ပါတယ်။
 
Ref : ANI
Photo:Getty Imges
 
#voiceofmyanmar #vom #မြန်မာ့အရေး #ဘေးနိုင်ငံမဟာမိတ်ရ #Quad

Related posts

Leave a Comment

VOM News

FREE
VIEW