အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာနဲ့သာကေတ၊ စမ်းချောင်းတွေမှာ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

ရန်ကုန်၊စက်တင်ဘာ ၂၅၊၂၀၂၁
KK(VOM)
 
အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာမှာ ဗုံးလေးကြိမ်ပေါက်ပြီး သာကေတနဲ့စမ်းချောင်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု
တွေ ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။
 
အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာအနီးမှာ ဒီကနေ့မနက်ပိုင်းက ဗုံးလေး ကြိမ်ပေါက်ကွဲခဲ့တဲ့အကြောင်း ရွာမအနောက်ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
 
“ဝန်ထမ်းအိမ်ရာနားမှာ ဗုံးထောင်ထားတာ စစ်တပ်က သွားရှင်းတော့မှ ဗုံးလေးလုံးပေါက်တာ ထိခိုက်တဲ့သူတော့ရှိမှာပဲ လေးလုံး
တောင်ပေါက်တာဆိုတော့ ထိခိုက်မှုအတိအကျတော့မသိသေးဘူး”လို့ ပြောပါတယ်။
 
အလားတူ သာကေတမြို့နယ် ၊ရှူခင်းသာလမ်းမကြီးပေါ်ရှိ Hotel Noval ရှေ့၊ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းမှာလည်း ဒီကနေ့နေ့လယ်၁၂ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက်အစောပိုင်းက စမ်းချောင်းမြို့နယ် မြေနီကုန်း ကုန်းကျော်တံတားတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လင်းလွန်းတော
င် ရပ်ကွက်နေသူကပြောပါတယ်။
 
ဒီကနေ့ ဗုံးလေးကြိမ်ပေါက်ခဲ့တဲ့ အင်းစိန်မြို့နယ် အကျဥ်းထောင်ရှေတွင် စက်တင်ဘာ ၂၁ရက်နေ့ ညပိုင်းက ဗုံးသုံးလုံဲးပေါက်ကွဲခဲ့ပါ
သေးတယ်။
 
သာကေတနဲ့စမ်းချောင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဗုံးပေါက်ကွဲမှုတွေ သေနတ်နဲ့ပစ်ခတ်မှုတွေဖြစ်လို့ သေဆုံးခဲ့သူတွေနဲ့ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #အင်းစိန်ထောင် #ရန်ကုန်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW