ကနီမြို့နယ်ထဲက လိုင်စင်ရစားသောက်ဆိုင်တွေကို ကနီ ထွေ/အုပ်ဦးဆောင်ပြီး အခွန်ငွေကောက်နေ

စက်တင်ဘာ ၂၇ -၂၀၂၁
ထွန်းတောက်(VOM)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လိုင်စင်ရစားသောက်ဆိုင်တွေကို အခွန်ငွေပေးဆောင်ဖို့အတွက် မြို့နယ်ထွေ/အုပ်ကဦးဆောင်ပြီး လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။

အခုလိုကောက်ခံတဲ့နေရာမှာ ကနီမြို့ပေါ်က ဆိုင်‌တွေအ‌နေနဲ့အခွန်ငွေ (၁၅) သိန်းပေးဆောင်ရမှာဖြစ်ပြီး ပေးဆောင်နိုင်ခြင်းမရှိရင် ဆိုင်ကိုအပြီးပိတ်သိမ်းကာ လိုင်စင်ပြန်အပ်ရမှာဖြစ်တယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။

ဒါ့အပြင် အခွန်လည်း မဆောင်၊ လိုင်စင်လည်း ပြန်မအပ်ပါက ဆိုင်ကိုဖျက်စီးမယ်လို့ ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့ ဆိုင်ပိုင်ရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

စားသောက်ဆိုင်အများစုဟာ Covid-19 ရောဂါစဖြစ်ကတည်းက ပါဆယ်စနစ်နဲ့သာ ရောင်းချနေရပြီး လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရောဂါအခြေအနေတွေကြောင့် (၆) လကျော်ကြာ ဆိုင်တွေပိတ်ထားရတဲ့အတွက် အခုလိုတောင်းဆိုထားတဲ့အခွန်ငွေကို ပေးဆောင်နိုင်ခြင်းမရှိဘူးလို့လည်း ပြောဆိုကြပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာက အခွန်ကောက်ခံမှုတွေရှိနေပေမယ့်လည်း စားသောက်ဆိုင်အများစုက ပေးဆောင်နိုင်ခြင်း မရှိကြသေးဘူးလို့ ရပ်ကျေးစာရေးတဦးက ပြောဆိုပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာတော့ အခွန်မဆောင်နိုင်တဲ့အတွက် သက်ဆိုင်ရာက စီမံတဲ့အတိုင်းသာ ခံရရုံပဲရှိတယ်လို့ ဆိုင်ရှင်တဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အခုလိုစားသောက်ဆိုင်တွေကို အခွန်ကောက်ခံနေတာဟာ ကနီမြို့နယ်အပြင် မင်းကင်း၊ မော်လိုက်၊ မုံရွာ စတဲ့မြို့‌တွေမှာလည်း ကောက်ခံနေပြီး မုံရွာမြို့က စားသောက်ဆိုင်တချို့မှာ (၂၅) သိန်းအထိကောက်ခံတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကနီ #လိုင်စင်ရစားသောက်ဆိုင် #ထွေအုပ် #အခွန်ငွေကောက်

Youtube Link – https://youtu.be/w3Kd9Xevs10

Related posts

Leave a Comment

VOM News

FREE
VIEW