ရန်ကုန်က မြိုနယ်ငါးမြို့နယ်မှာ ဗုံး၁၁ကြိမ်ပေါက်ပြီး ပစ်ခတ်မှုဖြစ်ခဲ့လို့ တယောက်သေ သုံးဦးဒဏ်ရာရရှိ

ရန်ကုန်၊စက်တင်ဘာ ၂၈-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းက ကမာရွတ်၊မြောက်ဥက္ကလာ၊သာကေတ၊လှည်းကူးနဲ့လှိုင်မြို့နယ်တွေမှာ မနေ့ စကိတင်ဘာ ၂၇ရက်က ဗုံး၁၁ကြိမ်ပေါက်ခဲ့ပြီး သေနတ်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တာမှာ တယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မြို့နယ်တွေက သိရပါတယ်။
 
ကမာရွတ်မြို့နယ် (၆)ရပ်ကွက်၊ ဘုရင့်နောင် လမ်းနဲ့ လှည်းတန်းလမ်းထောင့် လူကူးကုန်းကျော်တံတားပေါ်၊ ကမာရွတ်မြို့မရဲစခန်းအနီးမှာ မနေ့ ညနေ၅နာရီ လောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ရဲတယောက်နဲ့ လမ်းသွားလမ်းလာ နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ၆ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
 
“ရဲစခန်းအဝင်အထွက်ဂိတ်မှာ ဗုံးပေါက်တာ ကင်းစောင့်နေတဲ့ ရဲတယောက်နဲ့ စခန်းနားမှာ ဖြတ်လျှောက်သွားတဲ့ လူနှစ်ယောက်ထိသွားတာပါ လူနာတင်ယာဥ်နဲ့ သယ်သွားတာ တွေ့တယ်”လို့ သူကပြောပါတယ်။
 
သာကေတမြို့နယ်၊ (၅)ရပ်ကွက်၊မြင်တော်သာလမ်း၊ စာတိုက်မှတ်တိုင်မှာ မနေ့နေ့လယ် ၁း၃၀ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူမရှိဘူး ၅ရပ်ကွက်နေသူတယောက်က ပြောပါတယ်။
 
လှည်းကူးမြို့နယ်၊ မြို့မဗဟိုလမ်းပေါ်မှာ ဆိုက်ကားနင်းလာသူတစ်ဦးကို မနေ့စက်တင်ဘာ ၂၇ ရက် ၁၁း၀၀ နာရီတွင် ဆိုင်ကယ်စီးလာသူလူငယ်တယောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ရိပ်သာရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ဦးမြင့်စိုးဖြစ်ပြီး ဆိုက်ကားဂိတ်မှာ ဂိတ်ထိုးဖို့ ဆိုက်ကားနင်းလာချိန် ကောင်းသစ်လွင်လက်ဘက်ရည်ဆိုင်အနီးမှာ ဆိုင်ကယ်စီးလာသူလူငယ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်၊ လမ်းဝတံတားအနီးက ရပ်ကွက်တွေမှာ မနေ့ မနက်အစောပိုင်းက ဗုံး၅ကြိမ်မိနစ်ခြားစီ ပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင် နေထိုင်သူတွေဆီက သိရပါတယ်။
 
အလားတူ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဗဟိုလမ်း၊ ကမာရွတ်ဘူတာရုံအနီးတွင် မနေ့မနက်ပိုင်းက ဗုံးသုံးကြိမ်ပေါက်ခဲ့ပါသေးတယ်။
 
အခုရက်ပိုင်းအတွင်း တိုက်ကြီး၊ မြောက်ဒဂုံ၊ကမာရွတ်နဲ့ဒေါပုံ၊ တွံတေး၊ ကွမ်းခြံကုန်း မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ပြည်ခိုင်ဖြိုးပါ
တီစည်းရုံးရေးမှုး၊ ရာအိမ်မှုးနဲ့ ရဲသတင်းပေး ၆ဦးသေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
#voiceofmyanmar #vom #ရန်ကုန်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW