ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေပိဿာ ၅၀ စတင်ထုတ်ရောင်း

စက်တင်ဘာ ၃၀-၂၀၂၁
GH ( VOM )
 
ရန်ကုန်က ရွှေဆိုင်တွေကို ဒီနေ့စက်တင်ဘာလ ၃၀ ရက်နေ့၊ ရွှေစျေးဖွင့်ချိန်မှာ ရွှေပိသာချိန် ၅၀ ကို တကျပ်သားသိန်း၂၀အောက်ချပြီး စတင် ထုတ်ရောင်းပေးနေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း က သိရပါတယ်။
 
ရွှေစျေးကို တည်ငြိမ်အောင် ထိန်းဖို့အတွက် ခုလိုရွှေတွေထုတ်ရောင်းပေးတာဖြစ်ကြောင်း ၊ တစ်ရက်ကို အနည်းဆုံးရောင်းချပေးဖို့စီစဉ်ထားတာက ပိသာ ၂၀ ဖြစ်ပြီး စစချင်းရောင်းတဲ့နေ့မှာပဲ ရွှေပိသာချိန် ၅၀ ထုတ်ရောင်းပေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
 
“ရွှေဆိုင်တွေကလည်း လာရောင်းတယ်။ အသင်းဝင်တွေကလည်းရောင်းပေးတယ်။ ပိသာ ၅၀ လောက်ရှိမယ်။ ရွှေရောင်းပွဲတော်ဖြစ်နေပြီ။ အရင်ကရွှေကပေါတယ် ၊ ရောင်းသလောက်ကိုဘယ်သူမှမဝယ်နိုင်ဘူး၊ ဒါပေမယ့် ခုကရွှေကပြတ်သွားတယ်၊ ဝယ်သူလည်း ၅ ဆလောက်မြင့်လာတယ်၊ လာတဲ့သူ ၁၀၀ လောက်မှာ ရောင်းတဲ့သူတစ်ယောက်မှမပါဘူး။ဝယ်လိုအားများနေတဲ့အချိန်ဖြစ်နေလို့ စျေးငြိမ်အောင်ထုတ်ရောင်းပေးတာ။” လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
 
ခုလိုရောင်းချပေးနေတဲ့ ရွှေတွေကို ပြည်သူတွေတိုက်ရိုက်ဝယ်ယူနိုင်မှာမဟုတ်ဘဲ ရွှေဆိုင်တွေကနေသာ တဆင့်ပြန်လည်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ လက်ရှိရောင်းချပေးနေတဲ့စျေးကတော့ ရွှေတစ်ကျပ်သားကို ၁၉၇၀၀၀၀ ကျပ်နူန်းဖြစ်တယ်လို့သိရပါတယ်။
 
နေ့စဉ် ရောင်းချပေးမယ့် ပိသာ ၂၀ကတော့
​ေအာင်သမာဓိစိန်ရွှေရတနာဆိုင်၊ ဇွဲထက်စိန်ရွှေရတနာဆိုင်၊အကယ်ဒမီစိန်ရွှေရတနာဆိုင် နဲ့ ဦးဧရာစိုးနိုင် (ရွှေကုန်သည်) တို့အသီးသီးက တနေ့ကို ရွှေထုတ် ၅ ထုတ်စီနူန်းနဲ့ YEGA အသင်းရုံးမှာလာရောက်ရောင်းချပေးမှာဖြစ်တယ်လို့သိရပါတယ်။
 
ဒီနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ရွှေစျေးအဖွင့်စျေးက အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀ ဖြစ်ကြောင်း YGEA က ထုတ်ပြန်ထားပါတယ်။
 
ရွှေဝယ်ယူသူတွေ လိုသလောက် ဘယ်လောက်ထိ ဆက်ပြီးရောင်းချနိုင်မလဲဆိုတာကိုတော့ ရွှေအရောင်းအဝယ်လုပ်သူတွေက စောင့်ကြည့်အကဲခတ်ဦးမယ်လို့ ဆိုကြပါတယ်။
 
#voiceofmyanmar #VOM #ရွှေဈေး

Related posts

Leave a Comment

VOM News

FREE
VIEW