ကျွန်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ် ၊ ဗိုလ်မှူး ၁ ​ယောက်အပါအဝင် လူ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ

အောက်တိုဘာ ၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ ( VOM)
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ မြို့နယ် စုပေါင်းအနီးက လက်ဘက်ရည်ဆိုင်ထဲကို ဒီမနက် ၇ နာရီ ဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် အရာရှိ ၁ ဦး အပါအဝင် အရပ်သား အငြိမ်းစား ဝန်ထမ်းတချို့ သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့ခံတွေက ပြောပါတယ်။
 
” ဖြစ်တာက စုပေါင်းနားက ရွှေနိုင် လက်ဘက်ရည်ဆိုင်ထဲမှာပါ ပြောက်ကျားဝတ် လူ ၄ ယောက် ၅ ယောက် ရောက်လာပြီး သေနတ်နဲ့ အရင်ပစ်တယ် ၊ သေနတ်နဲ့ ပစ်နေတဲ့အချိန်မှာ တယောက်က ဗုံးနဲ့ ပစ်သွင်းလိုက်တော့ ပေါက်ကွဲသွားတာ ” လို့ မြို့နယ်စုပေါင်းရုံးနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ် ပေါက်ကွဲဖြစ်စဥ်ကြောင့် ရွှေဘိုတပ်နယ်ကနေ မြေပြင်ရှင်းလင်း လုပ်ငန်းတွေ လုပ်ဆောင်ဖို့ တာဝန်ကျနေတဲ့ ဗိုလ်မှူး
ဝင်းနိုင်ထွေး ၊ ဦးကံကြီးမောင် နဲ့ ဦးတင်လင်း ဆိုတဲ့ လူ ၃ ယောက်ဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
 
” ၃ ယောက်ကတော့ ဆုံးသွားတယ် ၊ ဒဏ်ရာရ သူက ၇ ယောက်ရှိမယ် ၊ ဒီမနက်မှာ မြို့ပေါက်ကွဲတာက သုံး လေး နေရာရှိတယ် ၊ အခု ပိတ်ဆို့ စစ်ဆေးရေးနဲ့ လုံခြုံရေးတွေ တိုးချထားတာ ” လို့ ကျွန်းလှ မြို့ခံ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုကနေ ဒဏ်ရာရ သေဆုံးသွားတဲ့ ဗိုလ်မှူးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ရွှေဘိုတပ်နယ်ဘက်ကို ပြန်လည်သယ်ဆောင်သွားခဲ့ပြီး ကျန်တဲ့ ရုပ်အလောင်းတွေကိုတော့ ကျွန်းလှဆေးရုံးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ကစလို့ စက်တင်ဘာ ၃၀ အထိ စစ်ကိုင်းတိုင်းထဲမှာ ပေါက်ကွဲမှုဖြစ်စဥ် အရေးအတွက် ၇ ရာဝန်းကျင်ရှိခဲ့ပြီး အဲ့ဒီ ပေါက်ကွဲတာတွေကြောင့် ၊ရဲဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရကာ ၊ ဌာနဆိုင်ရုံး အဆောက်အဦး ၊ လမ်းတံတား အပြင် ဆက်သွယ်ရေး တာဝါတိုင်အများစု ပျက်စီးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #vom #ကျွန်းလှ

Related posts

Leave a Comment

VOM News

FREE
VIEW