နွားရောင်းပြန်လာတဲ့ လူ ၂ ယောက်ကို ဓားပြတိုက်တဲ့အဖွဲ့ ရွာကဝိုင်းဖမ်းပြီး ရဲလက်အပ်

အောက်တိုဘာ ၊၁၊၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာက ရွာသားတွေဟာ ဓားပြတိုက်တဲ့ လူ ၆ ယောက်ကို ဝိုင်းဖမ်းပြီး မနေ့ စက်တင်ဘာ ၃၀ နေ့ခင်းပိုင်းက ရဲလက်အပ်ပေးလိုက်တယ်လို့ ကွတ်ခိုင်နယ်ခံတွေက ပြောပါတယ်။
 
” ရွာက တောင်သူ ၂ ယောက် နွားရောင်းပြန်လာတာကို လမ်းကနေ ဖြတ်ပြီး ဓားပြတိုက်လို့ အတိုက်ခံရတဲ့သူက ရွာကို ဖုန်းဆက်ပြောတယ် ၊ အဲ့ဒါကြောင့် ငါတို့ရွာက အဲ့ဒီ ဓားပြကောင် လူ ၆ ယောက်ကို ဝိုင်းဖမ်းလိုက်တာ ” လို့ မန်ပြိန်းရွာခံ တစ်ယောက်က ပြောပါတယ်။
 
စက်တင်ဘာ ၂၉ ည ၇ နာရီဝန်းကျင်က ကွတ်ခိုင်မြို့ကနေ နွားရောင်းပြီးပြန်လာတဲ့ မန်ပြိန်းရွာခံ တောင်သူ ၂ ယောက်ဟာ ကွတ်ခိုင် သိန္ဒီ ကားလမ်း ၃၈ မိုင်နေရာ အနီးမှာ လူ ၆ ယောက်ရဲ့ သေနတ်နဲ့ ခြိမ်းခြောက်ပြီး နွားရောင်းရတဲ့ ပိုက်ဆံတွေကို ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီလို ဓားပြတိုက်ခံရတဲ့ ရွာခံတောင်သူ ၂ ယောက်ဟာ ဓားပြတိုက်ခံရကြောင်းနဲ့ အဲ့ဒီ ဓားပြတွေကို ရွာက ဝိုင်းဖမ်းပေးဖို့ ရွာကို ဖုန်းနဲ့ လှမ်းပြောတာကြောင့် ရွာက လူတွေဟာ လူစုပြီး အဲ့ဒီ ဓားပြ ၆ ယောက်ကို ဝိုင်းဝန်း ဖမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
” ဓားပြကောင်က ၆ ယောက်လေ ၊ ငါတို့ ဖမ်းမိလိုက်တာက ၅ ယောက် ပေါ့ ၊ ဓားပြခေါင်းဆောင် လုပ်တဲ့ကောင်က လွတ်သွားတယ် ၊ မိတဲ့ ၅ ယောက်ကို ရွာမှာ တညချုပ်ထားပြီး မနေ့က နေ့ခင်းမှာ ကွတ်ခိုင်ရဲစခန်းကို အပ်ပေးလိုက်တယ် ” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
လက်နက်ကိုင် ဓားပြတိုက်ခဲ့လို့ ဖမ်းဆီးခံလိုက်ရတဲ့ လူ ၅ ယောက်ဟာ မူးယစ်ဆေးစွဲ ရောဂါကြောင့် အခုလို ဓားပြတိုက်တာ ဖြစ်နိုင်တယ်လို့ ကွတ်ခိုင်နယ်ခံတွေက ထင်ကြေးပေး ပြောဆိုတာတွေ ရှိပါတယ်။
 
#voiceofmyanmar #VOM #ကွတ်ခိုင် #ဓါးပြတွေကိုရွာသားတွေဝိုင်းဖမ်း
 
ပုံစာ ၊ ဖမ်းခံထားရတဲ့သူတွေကို ကွတ်ခိုင်ရဲလက် အပ်ပေးပုံ
 
ဓာတ်ပုံ ၊ ကွတ်ခိုင်နယ်ခံ တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW