မူဆယ်၁၀၅ မိုင်မှာ ကုတင် ၁၀၀၀ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာ စဖွင့်

အောက်တိုဘာ ၁-၂၀၂၁
Shy V (VOM)
 
တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အဓိက ဖြစ်နေတဲ့ မူဆယ်မြို့ ၁၀၅ မိုင်မှာ ကုတင် ၁၀၀၀ ဆံ့ COVID-19 ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ဒီကနေ့ နေ့လယ်ပိုင်းက နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိတွေ ဦးဆောင်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။
 
” မြန်မာဘက်ကနေ တရုတ်ဘက်ကို ကုန်တင်ပို့တဲ့ ကုန်တင်ယာဉ်‌မောင်း‌တွေနဲ့ ယာဉ်နောက်လိုက်တွေကို အဓိက ဦးစားပေးပြီး COVID-19 ပိုး ရှိ၊မရှိ စစ်ဆေး၊ ကုသသွားမှာဖြစ်တယ်၊ အဲ့ဒီမှာပဲ ပိုးစစ်ပြီး ဆေးတွေရော ထိုးပေးမှာ ဟုတ်တယ်”လို့ မူဆယ် ပြန်/ဆက် ခရိုင်ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက ပြောပါတယ်။
 
အဓိကက ကုန်တင်ကားဆရာတွေအတွက် ရည်ရွယ်ဖွင့်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ဂိတ်ဖွင့်ဖို့လည်း အဲ့ဒီစင်တာမှာ မူတည်နေတယ်လို့ ၁၀၅ မိုင်စင်တာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
အဲဒီ ကုသရေးစင်တာကို မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်၊ အရှေ့မြောက်တံခါး အများနှင့်ဆိုင်သောကုမ္ပဏီဝင်းအတွင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရွှေလီမြို့ပြည်သူ့အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ကုတင်-၂၅၀ဆံ့ အဆောင် ၄ ဆောင်ရှိပြီး ရောဂါပိုးစ‌စ်‌ဆေးရေး၊ ကုသရေးနှင့် ကျန်းမာစောင့်ရှောက်မှုမှာ ဆရာဝန် ၃ဦး၊ သူနာပြု ၇ ဦး၊ စေတနာ့ ဝန်ထမ်း ၄၀ ဦးနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ဖွင့်ပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
 
ဒီကနေ့စဖွင့်တဲ့ ကုတင်-၁၀၀၀ဆံ့ စင်တာကို ဩဂုတ်လ ၁၆ ရက်နေ့က နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ရေးအတွက် မြန်မာနိုင်ငံ အရှေ့မြောက်စီးပွားရေးတံခါးပေါက်ရဲ့ အဓိကအရေးပါနေရာ ၁ ခု ဖြစ်တဲ့ ၁၀၅ မိုင်မှာ စတင်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မူဆယ#ကုတင်၁၀၀၀ဆံ့ #ကိုဗစ်စင်တာ

Related posts

Leave a Comment

VOM News

FREE
VIEW