အရက်ဖြတ်လိုက်သူတစ်ဦး အစာအိမ်အတွင်းမှ သတ္တုအပိုင်းအစ တစ်ကီလိုဂရမ်ကျော် တွေ့ရှိ

ဗီနီးယပ် ၊ အောက်တိုဘာ-၂-၂၀၂၁
မျိုးဆက်(VOM)
 
လစ်သူယေးနီးယားနိုင်ငံမှာ အရက်ဖြတ်လိုက်တဲ့ အမျိုးသားတစ်ဦးရဲ့ အစာအိမ်ထဲမှ သံချောင်းတွေ၊ ၀က်အူတွေ၊ ၀က်အူခေါင်းတွေနဲ့ ဓါးအပိုင်းအစလိုမျိုး သတ္တအပိုင်းအစ တစ်ကီလိုဂရမ်ကျော်ကို ဆရာ၀န်တွေက ဖယ်ထုတ်ပေးခဲ့ရတယ်လို့ ဒေသတွင်းသတင်းဌာနတွေက အောက်တိုဘာ ၁ ရက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီ လစ်သူယေးနီးယားအမျိုးသားဟာ အရက်ဖြတ်လိုက်ပြီးနောက် တလအကြာမှာ အဲဒီသတ္တုအပိုင်းအစတွေကို မျိုချခဲ့တယ်လို့ ဆရာ၀န်တွေကပြောပါတယ်။
 
သူ့ကို ကလိုင်ပီဒါတက္ကသိုလ်ဆေးရုံမှာပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုအတွင်း တွေ့ရှိခဲ့တဲ့အရာတွေထဲမှာ ၄ လက်မအရှည်ရှိတဲ့ အရာ၀တ္တုများလည်းပါ၀င်တယ်လို့ လစ်သူယေးနီးယား ရုပ်သံဌာနက ဖော်ပြထားပါတယ်။
 
ခွဲစိတ်ဆရာ၀န်တစ်ဦးဖြစ်သူ ဆာရူနက်စ်ဒိုင်လီဒီနက်စ်ကတော့ ဒါဟာ အလွန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလို့ဆိုပါတယ်။ သုံးနာရီကြာအရေးပေါ်ခွဲစိတ်ပြီးနောက် သတ္တုအပိုင်းအစတွေနဲ့ ပြည့်နှက်နေတဲ့ ခွဲစိတ်ခန်းသုံးဗန်းတစ်ခုကို အဲဒီရုပ်သံဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။
 
အဲဒီအမျိုးသားဟာ အစာအိမ်အလွန်အမင်းနာကျင်နေတာကြောင့် ဘောတစ်ပင်လယ်ကမ်းရိုးတန်းကနေ ဆေးရုံသို့ခေါ်ဆောင်လာခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေအခြေအနေတည်ငြိမ်နေတယ်လို့သိရပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဗီနီးယပ

Related posts

Leave a Comment

VOM News

FREE
VIEW