ဆူဂါနေရာဆက်ခံတဲ့ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ဖူမိအိုကီရှီဒါကို ရွေးချယ်

တိုကျို၊ အောက်တိုဘာ-၄-၂၀၂၁
မျိုးဆက် (VOM)
 
ဂျပန်ဝန်ကြီချုပ်အဖြစ်တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် နှုတ်ထွက်သွားတဲ့ ဆူဂါနေရာကို ဆက်ခံသူအဖြစ် ဖူမီအိုကီရှီဒါကို ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၄ ရက်မှာ တရားဝင်ခန့်အပ်လိုက်ပါတယ်။
 
အသက် ၆၄ နှစ်အရွယ် မစ္စတာကီရှီဒါဟာ အာဏာရလဘစ်ဘရစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ရွေးချယ်ပွဲမှာ လွန်ခဲတဲ့သီတင်းပတ်အတွင်းက အနိုင်ရရှိခဲ့ပါတယ်။
 
သူဟာ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့စီးပွားရေးကို ပြန်လည်နာလည်ထူရေးနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပါအဝင် ခက်ခဲ့တဲ့ပြသနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
 
ဝန်ကြီးချုပ်သစ်ဟာ ဂျပန်နိုင်ငံမှာ လူထုထောက်ခံမှုနည်းပါးတဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို လက်ခံခြင်းပခဲ့တာကြောင့်ထောက်ခံမှုကျဆင်းနေတဲ့ သူ့ရဲ့ပါတီကို ထောက်ခံမှုပြန်လည်ရရှိဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
 
သူဟာ နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို အနိုင်ရရဖို့ ဦးဆောင်သွားမှာဖြစ်ပါတယ်။ဒါပေမယ့် သူဟာအောက်တိုဘာ ၃၁ ရက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယာ်။
 
မစ္စတာကီရှီဒါဟာ သူ့ရဲ့ အစိုးရအဖွဲ့ကိုတော့ အောက်တိုဘာ ၄ ရက်နှောင်းပိုင်းမှာ ကြေညာသွားမှာဖြစ်ပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW