ထိုင်ဝမ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ်အစင်း ၁၅၀ နီးပါးထိ စံချိန်တင်ဝင်ရောက်

တိုင်ပေ၊ အောက်တိုဘာ-၅-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ်များ စံချိန်တင်ဝင်ရောက်ပြီးနောက် တာဝန်မဲ့ရန်လိုတဲ့ လုပ်ရပ်တွေရပ်တန့်ဖို့ တရုတ်နိုင်ငံကို ထိုင်ဝမ်ကတိုက်တွန်းလိုက်ပါတယ်။
 
အောက်တိုဘာ ၄ ရက်မှာ ထိုင်ဝမ်လေပိုင်နက်အတွင်းကို တရုတ်လေယာဉ်တွေဝင်ရောက်မှုဟာ လေးရက်မြောက်နေ့ဖြစ်ပြီး အဲဒီရက်တွေအတွင်း စစ်လေယာဉ်ပေါင်း ၁၅၀ နီးပါးဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
 
တရုတ်နိုင်ငံ၏ ဂျေ-၁၆ တိုက်လေယာဉ် ၃၄ စင်းနဲ့ နျူကလီးယားသယ်ဆောင်နိုင်တဲ့ အိပ်ချ်-၆ ဗုံးကြဲလေယာဉ် ၁၂ စင်းတို့ဟာ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းအနီးသို့ အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်စစ်ဘက်က အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ထိုင်ဝမ်ကျွန်းရဲ့ အမျိုးသားနေ့မတိုင်မီ ထိုင်ဝမ်သမ္မတကိုသတိပေးမှုအဖြစ် စစ်လေယာဉ်တွေ အများအပြား ဝင်ရောက်ပျံသန်းတာဖြစ်နိုင်ကြောင့် လေ့လာသူအချို့က သုံးသပ်ပြောဆိုပါတယ်။
 
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်ကတော့ အချုပ်အခြာအာဏာပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
 
Ref : BBC
Photo:CTN News
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW