နေပြည်တော်ရှိ လဝက ဝန်ထမ်းကြိုပို့ယာဉ် ဗုံးပစ်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၅-၂၀၂၁
KT(VOM)
 
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊သုခသိဒ္ဓိရပ်ကွက်၊ရတနာဒီပ (၇)လမ်းနှင့်ရတနာဒီပ(၆)လမ်းဆုံမှာ ရပ်ထားတဲ့ လဝကဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက လက်လုပ်ဗုံးပစ်ပေါက်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
ဝန်ထမ်းကြိုပို့ယာဉ် ဘယ်ဘက်ခြမ်း ရှေ့ဘီးကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ ဓာတ်ခဲအခွံ၊ ပလတ်စတစ်အိတ်အစတွေ တွေ့ရှိခဲ့တယ်လို့ သိရပြီး ကားရှေ့ကားဘီးဘေး ဆေးပွန်းတာပဲ ထိခိုက်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW