အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူတိုင်းကို အစိုးရက လျော်ကြေးပေးမယ်

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၁
မျိုးဆက် (VOM)
 
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတိုင်းအတွက် လျော်ကြေးငွေအဖြစ် ၆၇၄ ဒေါ်လာပေးအပ်ဖို့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို အိန္ဒိယအထူးတရားရုံးချုပ်က အောက်တိုဘာ ၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။
 
အိန္ဒိယနိုင်ငံရဲ့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတွေအရ လျော်ကြေးရရှိဖို့ ရှေ့နေတွေက အသနားခံစာ တရပ်တင်သွင်းပြီးနောက် အထူးတရားရုံးချုပ်က လျော်ကြေးငွေပေးဖို့ အခုလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
 
နိုင်ငံတွင်းမှာ လက်ရှိအချိန်ထိ လူပေါင်း ၄၄၇၀၀၀ ဦး ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ တရားဝင်မှတ်တမ်းတင်ထားပေမယ့်လည်း သေဆုံးသူအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းတွေထက် ၁၀ ဆပိုများနိုင်ကြောင်း ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။
 
လျော်ကြေးကို သေဆုံးသူတွေရဲ့ မိသားစုဝင်သို့မဟုတ် ဆွေးမျိုးသားချင်းတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ တရားရေးဝန်ကြီး အမ်အာရှာဟ်က အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။
 
အဲဒီလျော်ကြေးတွေကို မိသားစုကလျှောက်လွှာတင်ပြီးနောက် ရက် ၃၀ အတွင်း ပေးအပ်သင့်တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW