ခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး အယောက်၂၀နီးပါး နှုတ်ထွက်

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၀၂၁
KK(VOM)
 
ခရမ်းမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ရပ်ကွက်နဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူး အယောက်၂၀ နီးပါး ဒီကနေ့မှာ နှုတ်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ခရမ်းမြို့နယ်မှာရှိတဲ့ (PDF Khayan)က အုပ်ချုပ်ရေးမှူးတွေနူတ်ထွက်ဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် အခုလို တာဝန်ကနေနှုတ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“အချို့အုပ်ချုပ်ရေးမှူးတွေက အရင်ကတည်းက နှုတ်ထွက်ထားတာပါ၊ စာမတင်ရသေးတာပဲ ရှိတာ၊ ဒီနေ့တရားဝင်စာတင်တာ အယောက် ၂၀ရှိတယ်”လို့ သူကပြောပါတယ်။
 
နှုတ်ထွက်ခဲ့တဲ့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ အမှတ် (၁)ရပ်ကွက်၊အမှတ် (၂) ရပ်ကွက်၊အမှတ် (၃)ရပ်ကွက်၊အမှတ် (၄)ရပ်ကွက်၊အမှတ် (၅) ရပ်ကွက်၊အမှတ် (၆)ရပ်ကွက်၊အမှတ် (၇)ရပ်ကွက်၊အမှတ် (၈) ရပ်ကွက်၊အမှတ် (၉)ရပ်ကွက်၊အမှတ် (၁၀)ရပ်ကွက်၊အမှတ် (၁၁)ရပ်ကွက်၊အမှတ် (၁၂) ရပ်ကွက်၊
ကွမ်းမိုးဒိန်းရပ်ကွက်၊ကရင်စုကျေးရွာ၊ကြာကန်ကျေးရွာ၊ကရင်ကန်ကျေးရွာ၊ကန်ညီနောင်ကျေးရွာ၊မက်ကသန်ကျေးရွာ၊ကျွဲတလင်းကျေးရွာ၊ပျဥ်းမကုန်းကျေးရွာ တို့ပဲဖြစ်ပါတယ်။
 
ခရမ်းမြို့နယ်မှာ ကျေးရွာပေါင်း ၅၆ ရွာရှိတဲ့အနက် မြို့ပေါ် ၁၃ ရပ်ကွက်နဲ့ ကျေးရွာ ၄၃ရွာရှိပြီး ရပ်ကွက် ၁၃ရပ်ကွက်နဲ့ ကျေးရွာ ၇ရွာက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခဲ့ရာ ကျေးရွာ ၃၆ရွာသာ အုပ်ချုပ်ရေးပိုင်းမှာ ကျန်ရှိပါတော့တယ်။
 
ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာမှာ အောက်တိုဘာ ၁ရက်နေ့က ဆိုင်ကယ်စီးလာတဲ့ရဲနှစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ဒုရဲအုပ်တဦးသေဆုံးကာ ကျန်တဦးဆေးရုံတင်ခဲ့ရပါသေးတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ရက်နေ့ ညပိုင်းကလည်း ခရမ်းမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အပြန်
အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ရာ နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
သြဂုတ်လအတွင်းက ခရမ်းမြို့နယ်မှာ ဗိုလ်ကြီး(၁)ဦးနဲ့ကျေးရွာအုပ်ချုပ်ရေးမှူး(၂)ဦး၊ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးတို့ကို သေနတ်နဲ့ပစ်သတ်ခံခဲ့ရသလို အရပ်သားတွေ သေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ခရမ်း #အုပ်ချုပ်ရေးမှူးတွေ #နူတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW