စက်သုံးဆီဈေးမြင့်တက်လာမှုက နမ်တောဒေသက လုပ်ငန်းတွေကိုလည်း ထိခိုက်လာ

အောက်တိုဘာ ၆-၂၀၂၁
ထွန်းတောက်(VOM)

စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုဟာ မြန်မာနိုင်ငံအနှံ့အပြားက စက်သုံးဆီအသုံးပြုပြီးလုပ်ကိုင်နေကြရတဲ့ လုပ်ငန်းတော်တော်များများကို ထိခိုက်လာနေတာဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ ဟုမ္မလင်းမြို့နယ် ၊နမ်တောဒေသက ရွှေမျောလုပ်ငန်းတွေလည်း အပါအဝင်ဖြစ်ပြီး အဲ့ဒီရွှေမျောလုပ်ငန်းတွေဟာ အလုပ်သမားအများအပြားနဲ့ စက်သုံးဆီကိုအသုံးပြုပြီး အင်ဂျင်တွေနဲ့လည်ပတ်လုပ်ကိုင်ကြရတာလည်းဖြစ်ပါတယ်၊

အခုလိုလုပ်ကိုင်ကြတဲ့နေရာမှာ အဆမတန်မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းကြောင့် လုပ်ငန်းတွေရပ်နားထားရတယ်လို့ ရွှေမျောလုပ်ငန်းရှင်တဦးကပြောပါတယ်။

အဲ့ဒီလို ရွှေမျောလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အတွက် ရွှေမျောလုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီး သူတို့ကိုအမှီပြုရောင်းချနေတဲ့ နမ်တောဈေးအတွင်းက ဈေးသည်တွေမှာလည်း အရောင်းအဝယ်တွေနည်းပါးလာတယ်လို့ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် စားသောက်ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုလည်း လျော့နည်းလာတယ်လို့ သိရပါတယ်။

နမ်တောဒေသမှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် ပုဂ္ဂလိကမီးကို အချိန်အကန့်အသတ်နဲ့ သုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။

အရင်က တလကို (၂၅၀၀၀) နှုန်းနဲ့ တရက်ကို (၂) ကြိမ်မီးသုံးစွဲနေရပြီး လက်ရှိမှာ စက်သုံးဈေးမြင့်တက်လာတဲ့အတွက် တရက်ကိုတကြိမ်သာ မီးသုံးစွဲခွင့်ရတော့တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အဖက်ဖက်က အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့အထဲမှာ အချိန်ကာလကြာရှည်လာရင် ဒေသအတွင်း အခြေခံစားသောက်ကုန်တွေပါ ပြတ်လပ်တဲ့အခြေအနေတွေအထိ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နမ်တော #ရွှေမျော #စက်သုံးဆီ

Youtube Link – https://youtu.be/xeHwP81T3LA

Related posts

Leave a Comment

VOM News

FREE
VIEW