တောင်ဒဂုံ၊ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲပြီး ရာအိမ်မှူးတဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်၊ ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းထောင့်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဒီကနေ့မနက် ၇နာရီက ဗုံးပေါက်ကွဲခဲံပြီး ရာအိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ကန်သာယာလမ်းမှာနေထိုင်သူတဦးက “ရုံးဆိုင်းဘုတ်အောက်က အိတ်အမဲနဲ့ထုတ်ထားတဲ့ အထုတ်ကို မသင်္ကာလာလို့ဆိုပြီး တုတ်နဲ့ထိုးကြည့်ရင်း ဗုံးထပေါက်တာ၊ သေလား ရှင်လားတော့မသိဘူး၊ ရာအိမ်မှူးတဦးထိတယ်လို့ကြားတယ်၊ လူနာတင်ယာဥ်တွေလာတာတွေ့တယ်”လို့ ပြောပါတယ်။
 
ဒဏ်ရာရရှိသူဟာ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးစောသန်းဆိုသူဖြစ်ပြီး စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ၂၄ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးအနီး ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်မှာရှိတဲ့ UAB BANK စက်မှုဇုန်ဘဏ်ခွဲကို စက်တင်ဘာလ ၃ရက်နေ့ ညနေပိုင်းက ဓားပြတိုက်ဖို့ပြုလုပ်တဲ့သူတွေက တံခါးဖွင့်မပေးတဲ့ လုံခြုံရေးဝန်ထမ်းကို ရိုက်နှက်ခဲ့လို့ ဆေးရုံတင်လိုက်ရပါသေးတယ်။
 
ပြီးခဲ့တဲ့ လတွေက တောင်ဒဂုံမြို့နယ်ရှိ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ NLDပါတီဝင်တွေဟာ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #တောင်ဒဂုံ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW