NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ-၆-၂၀၂၂၁
မျိးဆက် (VOM)
 
မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာအာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် မလေးရှားနိုင်ငံအနေနဲ့ NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မတိုင်မီ NUG နဲ့ တွေ့ဆုံဆွေးနွေးရန်ဆန္ဒရှိမရှိ အောက်တိုဘာ ၆ ရက်က လွှတ်တော်မှာ မေးမြန်းမှုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားရာမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
အဲဒီဘုံသဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိသေးဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah ကပြောဆိုခဲ့ပါတယ်။
 
ပြီးခဲ့တဲ့အတိတ်ကာလမှာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မလာခင်ကတည်းက မြန်မာနိုင်ငံအပေါ် မလေးရှားနိုင်ငံက အပြုသဘောဆောင် ထိတွေ့ဆက်ဆံခဲ့တယ်လို့ သူကဆိုပါတယ်။
 
မြန်မာအာဏာပိုင်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်ဖြစ်ထွန်းမှုမရှိဘူးဆိုရင် အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်ထိကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ ခက်ခဲမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
 
Ref : Malay Mail
Photo: Bernama
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW