ကော့မှူးမှာ ရွာအုပ်ချုပ်ရေးပိုင်းကလူတွေ သေနတ်ပစ်ခံရပြီး၊ လိုက်ဖမ်းတဲ့ စစ်သား(၄)ဦးပါ သေနတ်ပစ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၁
KK(VOM)
 
ကော့မှူးမြို့နယ်၊ ကျိုက်ထော်မှော်တောကျေးရွာမှာ မနေ့ အောက်တိုဘာ ၆ရက် ည ၇နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
 
အဲ့ဒီဖြစ်စဉ်ကိုလိုက်လံဖမ်းဆီးတဲ့ စစ်သားတွေပါ သေနတ်နဲ့ထပ်မံပစ်ခတ်ခံရလို့ စစ်သား(၄)ဦး ဒဏ်
ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
 
ကျေးရွာနေသူတဦးက “အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လုံခြုံရေးဆောင်ရွက်တယ်ဆိုပြီး လုပ်တယ်၊ ဆိုင်ကယ်သမား(၄)ဦးက လာပစ်တယ် ဘယ်ကသူတွေလဲတော့မသိဘူး၊ ဒါကို စစ်တပ်က လိုက်ဖမ်းတယ် ထပ်အပစ်
ခံရတယ် ပစ်တဲ့သူတွေကို မမိဘူး”လို့ ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်သူတွေကို စစ်တပ်နဲ့ရဲက လိုက်လံရှာဖွေစဉ် အမည်မသိသူတွေက ထပ်မံပစ်ခတ်လို့ လိုက်ဖမ်းတဲ့စစ်သား (၄)ဦးပါ ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီကသိရပါတယ်။
 
ကော့မှူးမြို့နယ်၊ ကျိုက်ထောမှော်တောကျေးရွာမှာ မနေ့ညကဘပစ်ခတ်မှုတွေဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ၃ဦး နဲ့ စစ်သား(၄)ဦး သေနတ်နဲ့ ပစ်ခံရကာ ဒဏ်ရာရတယ်ဆိုတဲ့သတင်းဟာ မှန်ကန်တယ်လို့ ကျေးရွာတာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့ မနက်ပိုင်းကလည်း ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလူသုံးဦးက နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့လပိုင်းကလည်း ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ဆေးကုသမှုခံယူခဲ့ရတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ကော့မှူး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW