မောင်တောမြို့မှာ ငါးကန်ပတ်လမ်းတူးဖော်တဲ့ လုပ်ငန်းခွင်ထဲကနေ စစ်ကျန် ဗုံးသီး ၁ ရာကျော်တွေ့

အောက်တိုဘာ ၊ ၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရခိုင်ပြည်နယ် ၊ မောင်တောမြို့ ၊ ၃ မိုင်ရပ်ကွက်က ဧက ၃၀ ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ မနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းက ငါးကန်ပတ်လမ်း မြေတူးဖော်တဲ့ လုပ်ငန်းခွင်းထဲကနေ စစ်ကျန်ဗုံးသီးတွေ တွေ့ရှိခဲ့ရတယ်လို့ မောင်းတောခရိုင်ထွေ/အုပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” ဘက်ဟိုးနဲ့ မြေသားတူးဖော်တဲ့ လုပ်ငန်းခွင်ထဲကနေ တွေ့ရတာပါ ၊ ကယ်ရီယာ သေတ္တာ ၇ လုံးထဲက 3 H ( ၃ လက်မ စိန်ပြောင်း)ဗုံးသီးလို့ ခန့်မှန်းရတဲ့ စစ်ကျန် ဗုံးသီး အလုံး ၁၂၀ တွေ့ရတာ ” လို့ မောင်းတောခရိုင် ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
 
အဲ့ဒီ တွေ့ရှိရတဲ့ စစ်ကျန်ဗုံးသီးတွေကို ခြံဝန်းပိုင်ရှင်က အကြောင်းကြားပြီး အပ်ပေးတဲ့အတွက် စစ်လက်နက်နဲ့ ခဲယမ်းဆိုင်ရာတပ်က လာရောက်သယ်ယူသွားတယ်လို့ သိရပါတယ်။
 
မောင်တောဒေသမှာ အခုလို စစ်ကျန် လက်နက်ခဲယမ်းတွေ မကြာခဏ တွေ့ရလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်ကလည်း ၃၀၃ ယမ်းတောင့်တွေ တွေ့ရသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ပုံစာ -မောင်းတောမှာတွေ့ရတဲ့ စစ်​ကျန်ဗုံးသီးသေတ္တာ
Photo-ခရိုင်ထွေအုပ်
#voiceofmyanmar #VOM #မောင်တော #စစ်ကျန်ဗုံးသီး

Related posts

Leave a Comment

VOM News

FREE
VIEW