ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ်ချခံရ

အောက်တိုဘာ ၈- ၂၀၂၁
ထက်အောင်စိုင်း (VOM)
 
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ်တရားရုံးက ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက Video Conferencing နဲ့ ရုံထုတ်ခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ် ကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ ရှေ့နေဆီကနေ သိရပါတယ်။
 
နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) အမှုအတွက် ပြစ်ဒဏ်အဖြစ်ချမှတ်လိုက်တာဖြစ်ကြောင်း သ်ိရပါတယ်။
 
ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒု- မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရားလိုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
အခုလိုမျိုး စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်အမိန့်ချလိုက်တဲ့အပေါ် အယူခံ တက်၊မတက်ကို ဦးညီပုနဲ့ တွေ့တဲ့အခါမှ သိရမှာဖြစ်တယ်လို့ ဦးညီပုရဲ့အမှုလိုက်ရှေ့နေ ဦးငြိမ်းချမ်းက ပြောပါတယ်။
 
ဝန်ကြီးချုပ်ဦးညီပုဟာ ရခိုင်ပြည်နယ်တရားလွှတော်မှာ အဂတိလိုက်စားမှုစွဲချက်နဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရခိုင#ဝန်ကြီးချုပ်ဟောင်းဦးညီပု #ထောက်၂နှစ်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW