လျှို့ဝှက်ထောက်လှမ်းရေးလုပ်နေတဲ့ ရုရှားသံတမန် (၈)ဦးကို နေတိုးအဖွဲ့ နှင်ထုတ်

ဘရပ်ဆယ်၊ အောက်တိုဘာ-၈-၂၀၂၁
မျိုးဆက် (VOM)
 
နေတိုးအဖွဲ့ ဌာနချုပ်ကိုစေလွှတ်ထားတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က သံတမန်ရှစ်ဦးဟာ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ကိုင်နေတယ်ဆိုပြီး နေတိုးအဖွဲ့က အောက်တိုဘာ ၇ ရက်မှာ နှင်ထုတ်လိုက်ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး နှင်ထုတ်ခံရသူတွေရဲ့ ခန့်အပ်လွှာတွေကို နေတိုးအဖွဲ့ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘရပ်ဆယ်မှာရှိတဲ့ နေတိုးအဖွဲ့ရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့ကိုလည်း ၁၀ ဦးထိလျှော့ချလိုက်ပါတယ်။
 
ဒါဟာ ၂၀၁၈ ခုနှစ်မှာ ဆယ်လ်ဘယ်ရီသူလျှိုကို အဆိပ်ခပ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရုရှားသံတမန် ခုနှစ်ဦးကိုနှင်ထုတ်ပြီးနောက်ပိုင်း ရုရှားအပေါ် နေတိုးအဖွဲ့က ပထမဆုံးအရေးယူလုပ်ဆောင်မှုလည်းဖြစ်ပါတယ်။
 
နေတိုးအဖွဲ့ဟာ ရုရှားနဲ့ သံတမန်ရေးရာထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေတယ်လို့ရုရှားဒုတိယနိုင်ငံခြားရေး၀န်ကြီး အလက်ဇန်းဒါဂရူရှကိုက ဝေဖန်ပြောဆိုထားပါတယ်။
 
ရုရှားနဲ့ နေတိုးအဖွဲ့အကြား ဆက်ဆံရေးဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ကရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်းပိုင်း ဆိုးရွားနေခဲ့ပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘရပ်ဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW