လွယ်ကန်‌ကျေးရွာက ရွာခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

အောက်တိုဘာ ၈၊ ၂၀၂၁
Shy V (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ပန်းလုံအုပ်စု၊ လွယ်ကန်‌ ကျေးရွာက ရွာခံပြည်သူ ၂ ဦး မနေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင္ငးက ဟင်းသီးဟင်းရွက် သွားရှာရင်း မိုင်းနင်းမိပြီး ၁ ဦး သေဆုံးကာ၊ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
“စားသောက်ဖို့ ခက်ခဲနေလို့ ဟင်းသီးဟင်းရွက် ရှာသွားတဲ့နေရာ နင်းမိတာ။ ၂ ယောက်စလုံး တနေရာထဲမှာ ဖြစ်တာ။ သားအမိတော့ မဟုတ်ဘူး။ တရွာထဲကပဲ။ ၁ ယောက်တော့ သေသွားပြီ။ ၁ ယောက်က မသေဘူး။ လက်ချောင်းတွေ ကျိုးသွားတယ်။ ” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
 
သေဆုံးသွားသူတွေကတော့ လွယ်ကန်ရွာက အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်လဇွမ်ဒေါင်နောဆိုသူဖြစ်ပြီး လက်ချောင်းတွေ ကျိုးသွားတဲ့သူက အသက် ၃၈ နှစ်ရှိ လဂွေတိန့်ခေါ ဆိုသူ ဖြစ်တယ်လို့ သူကပြောပါတယ်။
 
သေဆုံးသွားသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း ” မနေ့က ညနေပိုင်း ၄ နာရီခန့်က ပေါက်က်ကွဲသံ‌တော့ ကြားရပေမယ့် ဘယ်သူမှ သွားမကြည့်ရဲကြဘူး၊ဒဏ်ရာရတဲ့သူက ပြန်ပြောပြတာ။ စစ်တပ်နဲ့တော့ တော်တော် ဝေးသေးပေမယ့် နင်းမိတယ်ပြောတယ်၊
အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာသွားကောက်ပြီးမှ သင်္ဂြိုလ်ရတယ်၊” လို့ ပြောပါတယ်။
 
မုံးကိုးမြို့နယ်ခွဲမှာ စက်တင်ဘာလ နဲ့ အောက်တိုဘာလ အတွင်း မိုင်းနင်းမိပြီး အသက် ၇၀ ကျော်ရှိ ဖောင်းဆိုင်ရွာက အမျိုးသား ၁ ဦးဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး ဖောင်းဆိုင်ဘက်က အမျိုးသား ၂ ဦး၊ အခု လွယ်ကန်မှာ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #မုံးကိုး #မိုင်းနင်းမိ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW