ခရီးသည်ဟန်ဆောင်ပြီး taxi ကားလုယက်သူတွေထဲက ၃ ဦးကိုဖမ်းမိ

အောက်တိုဘာ ၈-၂၀၂၁
GH ( VOM )
 
ရန်ကုန်မြို့က တက္ကစီတစ်စီးကို ခရီးသည်ဟန်ဆောင်ငှါးရမ်းပြီး ကားကိုလုယက်ခဲ့တဲ့အပြင် ယာဉ်မောင်းကိုလည်း ကတ်ကြေးနဲ့ထိုးခဲ့တဲ့ဖြစ်စဉ် မနေ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန် – မန္တလေးကားလမ်းမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
ကားကိုလုယက်ခဲ့ပြီးနောက်မှာ ကျူးလွန်သူတွေက ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကိုလည်း ဝင်ရောက်တိုက်ခဲ့ကြောင်း ၊ လက်ရှိမှာတော့ ကားလုယက်သူ ၄ ယောက်ထဲက ၃ ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။
 
လုယက်ခံရသူ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။
 
တက္ကစီကိုတော့ ရန်ကုန်မြို့၊ မြောက်ဒဂုံကနေ ၄၅၀၀၀ ကျပ်နဲ့ လူ (၄)ယောက်က ငှါးရမ်းခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
 
ရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက “ယာဉ်မောင်းကို ကတ်ကြေးနဲ့ထိုးတယ်။ဝိုင်းချုပ်ပြီး လုပ်တယ်။ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရတယ်။ကားသမားကို သူတို့က လမ်းမှာပစ်ခဲ့တာပေါ့။ကားသမားက ရဲကိုအကြောင်းကြားတော့မှ လိုက်ဖမ်းမိတာပေါ့။ကားလုတဲ့သူတွေက ပဲခူးဘက်မှာ Probox တစ်စီးကို ဝင်တိုက်တယ်၊ နောက်ပြီး ဆိုင်ကယ်တစီးထပ်တိုက်တယ် ၊ ပြီးတော့ ကားကို အဲ့နေရာမှာပဲထားပြီး ထွက်ပြေးသွားတယ်။ခုတော့ ၃ ယောက်မိတယ်ကြားတယ်၊ တယောက်ကတော့ မမိသေးဘူး ” လို့ ပြောပြပါတယ်။
 
ဖမ်းဆီးရမိထားသူတွေကတော့ ရိူင်းထက်အောင်(၁၈)နှစ် ၊ ထက်ဝေဖြိုး ၁၈ နှစ်၊ ရဲနိုင်(၁၈)နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။
 
” ၃ ယောက်မိတာဟုတ်တယ်။ လက်ရှိက ကျနော်တို့စ စ်ဆေးမှုတွေလုပ်နေဆဲပါ။ ” လို့ ပဲခူးအမှတ် ၃ ရဲစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။
 
ကားလုယက်မှုက ဖမ်းဆီးရမိတဲ့တရားခံ ၃ ယောက်ကို ပဲခူးမြို့အမှတ်(၃)နယ်မြေရဲစခန်းက ရာဇသတ်ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ကားလုယက#သုံးဦးဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW