ပေါင်မြို့နယ်က YMBA အသင်းဝင် အသတ်ခံရတာကို လူမူကွန်ရက်မှာ postတင်ခဲ့သူ (၈)ဦးဖမ်းဆီးခံရ

ရန်ကုန်၊၊ အောက်တိုဘာ ၉-၂၀၂၁
KK(VOM)
 
ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်မှာ YMBAအသင်းနာယက သေနတ်ပစ်သတ်ခံရတဲ့ကိစွနဲ့ပတ်သက်ပြီး Facebookမှာ postခဲ့တင်သူ (၈)ဦးကို စစ်တပ်နဲ့ရဲတွေက နှစ်ရက်အတွင်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပေါင်မြို့နယ်၊ ဥတ္တံားကျေးရွာမှာနေထိုင်တဲ့ လူငယ်တဦးအပါအဝင် (၈)ဦးကို စစ်တပ်နဲ့ရဲတွေက မနေ့ အောက်တိုဘာ ၈ရက် ညပိုင်းက လာရောက်ဖမ်းဆီးခဲ့တာ
ဖြစ်တယ်လို့ မိုးနိုင်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
“အရင်ဆုံး fbမှာ သူpost တင်တာဆိုပြီး ပထမဦးဆုံးဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းတာ၊ အမှန်တော့ ပို့စ်မှာ ဒလန်ဆိုတဲ့အသုံးအနှုန်းပါလို့ဖြစ်မယ်၊ အရင်တင်တဲ့သူအပါအဝင်(၈)ဦးကို ဖမ်းသွားတာပါ”လို့ သူကရှင်းပြပါတယ်။
 
စွယ်တော်သုဿာန်မှာ ဒလံတစ်ယောက် သေနတ်ပစ်သတ်ခံရဆိုတဲ့ခေါင်းစဥ်နဲ့ အရင်ဆုံးpostတင်ခဲ့တဲ့ လူငယ် အပါအဝင်၅ဦးကို စက်တင်ဘာ ၇ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မနေ့ည ၈နာရီက ၃ဦးကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဥတ္တံားကျေးရွာနေသူတွေဆီက သိရပါတယ်။
 
လက်တလောမှာ ဖမ်းဆီးခံရသူတွေကို ပေါင်မြို့မရဲစခန်းကနေ သထုံမြို့နယ်ရှိ စျေးမသွယ်အကျဥ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့သိရပြီး မည်သည့်ပုဒ်မနဲ့အရေးယူထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပထမဦးဆုံးအကြိမ် ပေါင်မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ YMBAအသင်းရဲ့ နာယကဦးခင်မောင်ဦးဟာ စွယ်တော်သုသာန်အနီးမှာ ဥယာဥ်ခြံလုပ်ငန်းနဲ့ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ အစင်ကျေးရွာက မြို့နယ် YMBA အသင်းအတွင်းရေးမှူးကို အမည်မသိသေနတ်သမားက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပေါင် #ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW