စစ်ကိုင်းမြို့ပေါ်က ဌာနဆိုင်ရာရုံး ဝန်းကျင်နေရာတွေမှာ တရက်တည်း ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ပွား

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ ( VOM)
 
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့မှာ ရှိတဲ့ ဌာနဆိုင်ရာ ရုံးအနီး ဝန်းကျင်နေရာတွေမှာ
မနေ့ အောက်တိုဘာ ၉ ရက် မနက် ၄ နာရီကနေ ည ၈ နာရီအတွင်း ပေါက်ကွဲမှု ၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်မြို့ခံတွေက ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့ခံ တစ်ယောက် ပြောတာက ” မနက် ၄ နာရီထိုးပြီးတော့ ပေါက်ကွဲသံ စပြီးကြားရတယ် ၊ မုံရွာ မန္တလေး ကားလမ်းဘေးမှာရှိတဲ့ လုံခြုံရေး ရဲတပ်ရင်း ၁၆ နားမှာဖြစ်တယ်လို့ မိုးလင်းတော့ သိရတာ ” လို့ ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ ရုံးဌာန နေရာဝန်းကျင်တွေမှာ မနေ့က ညပိုင်းမှာ ပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 
” ညက ၇ နာရီ ၁၀ မိနစ်မှာ မြို့နယ်စည်ပင်ရုံးနားမှာ ၁ ကြိမ် ၊ အဲ့ဒီ အချိန်နဲ့ တပြိုင်တည်း မြို့နယ်တရားရုံးနားမှာလည်း ပေါက်ကွဲတယ် ၊ နောက်ထပ် ၁၀ မိနစ်လောက်ခြားပြီး ရတနာပုံ စစ်ဆေးရေး ဂိတ်နားမှာ ပေါက်ကွဲသံ ထပ်ကြားရတယ် ၊အဲ့ဒီ ပေါက်ကွဲသံနဲ့အတူ တပြိုင်တည်းမှာ ဝန်ထမ်းအိမ်ရာ အိုးအိမ်ဘက်မှာလည်း ပေါက်ကွဲသံ ထပ်ကြားရတယ် ” လို့ စစ်ကိုင်းမြို့ခံ တစ်ယောက်က ပြောပါတယ် ။
 
စစ်ကိုင်းခရိုင် ကောင်စီအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက ” ညက ၇ နာရီ ၁၀ မိနစ် ဝန်းကျင်က အမှတ် ၂ ရဲစခန်းနား ၊ ပဒူးနယ်မြေရဲကင်း စခန်းနား နဲ့ မင်းကွန်း နယ်မြေရဲကင်းစခန်းနား တွေမှာ ပေါက်ကွဲတယ်လို့ ကနဦး သိရတယ် ၊ ၇ နာရီ ၁၅ လောက်မှာတော့ မြို့နယ်ထွေအုပ်ရုံးနားမှာလည်းကွဲသေးတယ် ” လို့ ပြောပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲမှုတွေဟာ ၇ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ တပြိုင်တည်း ပေါက်ကွဲမှု ၅ နေရာ၊ ၇ နာရီ ၁၅ ဝန်းကျင်မှာ ၁ နေရာနဲ့ ၇ နာရီ ၂၀ မှာ ၂ နေရာ အားလုံး ၈ ကြိမ် ၈ နေရာ ပေါက်ကွဲခဲ့တာဖြစ်ပြီး မနက်အစောပိုင်းက ရဲတပ်ရင်း ၁၆ နားမှာ ပေါက်ကွဲမှု ၁ ကြိမ်နဲ့ဆိုရင် ၁ ရက်ထဲ ၉ နေရာ ၉ ကြိမ် ပေါက်ကွဲပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပေါက်ကွဲမှုတွေဖြစ်တယ်ဆိုတဲ့ အကြောင်း စစ်ကိုင်းမြို့ခံတွေရဲ့ အပြောအရ သိရတာဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ပျက်စီးမှု ရှိတယ် မရှိဘူးဆိုတာ VOM က အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
 
#voiceofmyanmar #VOM #စစ်ကိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW