ဇီးကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲပြီး ရဲ ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၁၁-၂၀၂၁
GH ( VOM )
 
ပဲခူးတိုင်း၊ ဇီးကုန်းမြိုအဝင်က စစ်ဆေးရေးဂိတ်မှာ မနေ့ အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့လို့ ရဲ ၂ယောက်သေပြီး ဒုတပ်ကြပ်အပါအဝင် ရဲ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
 
” ည၁၁နာရီဗုံးပေါက်တာ၊ ရဲ ၄ ယောက်ထိတယ် ။ ၂ ယောက်သေတယ်။တယောက်က ညကတည်းက ပွဲချင်းပြီးသေတယ်။နောက်တယောက်က အခုမနက်မှာထပ်သေတယ်။နောက်ထပ်၂ ယောက်က ဒဏ်ရာတယ်။ ဒဏ်ရာပြင်းတယ်လို့သိရတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။
 
သေဆုံးသူတွေဟာ စစ်ဆေးဂိတ်တာဝန်ကျ ရဲတပ်သား သင်္ကြန်အောင် နဲ့ ရဲတပ်သား ဝင်းမော်ဦးတို့ဖြစ်ပြီး ၊ ဒဏ်ရာရသူတွေကတော့ ရဲဒုတပ်ကြပ် ပြည့်စုံအောင် နဲ့ ရဲတပ်သား ဇေယျာဖြိုးတို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။
 
ဇီးကုန်းမြို့စစ်ဆေးရေးဂိတ် ဗုံးကွဲပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ ရဲကလည်း ပြန်လည်ပစ်ခတ်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး လက်ရှိ ဇီးကုန်းမြို့ထဲမှာ ရှာဖွေစစ်ဆေးမှုတွေ တင်းကြပ်စွာလုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ဇီးကုန်းမြို့နယ်ဟာ ပဲခူးတိုင်းထဲမှာဆိုရင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံမှုအားကောင်းတဲ့ဒေသဖြစ်လို့
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မှာ NLD မဲရှုံးခဲ့ ပြီး ၊ ၂၀၂၀ ရွေးကောက်ပွဲမှာမှ NlD ကမဲနိုင်ခဲ့တဲ့ မြို့ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
 
ညကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ဇီးကုန်းမြို့နယ်ရဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇီးကုန်းမြို့မရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့တာကြောင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
 
#voiceofmyanmar #VOM #ဇီးကုန#စစ်ဆေးရေးဂိတ်ဗုံးကွဲ #ရဲနှစ်ဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW