တရုတ်နိုင်ငံရဲ့ဖိအားတွေကို ဦးမညွှတ်ဘဲ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ထိုင်၀မ်သမ္မတပြော

တိုင်ပေ၊ အောက်တိုဘာ-၁၁-၂၀၂၁
မျိုးဆက်(VOM)
 
ထိုင်၀မ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကို ဦးညွှတ်မှာဟုတ်ဘဲ ဒီမိုကရေစီကို ို ကာကွယ်သွားမယ်လို့ ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်က အောက်တိုဘာ ၁၀ ရကမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်သွားမယ်လို့တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်၀မ်အမျိုးသားနေ့မိန့်ခွန်းမှာ သမ္မတဆိုင်အင်း၀မ်က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
 
သမ္မတဆိုင်အင်း၀မ်ရဲ့ မှတ်ချက်ပြုပြောဆိုတာကို တရုတ်နိုင်ငံကရှုတ်ချလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်နေတာလို့ဆိုပါတယ်။
 
တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
 
ထိုင်၀မ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အားသုံးနိုင်ဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
မကြာသေးမီနေ့တွေအတွင်းကလည်း တရုတ်နိုင်ငံဟာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ စစ်လေယာဉ် ၁၅၀ နီးပါးထိ စံချိန်တင်စေလွှတ်ခဲ့ပါတယ်။
 
သမ္မတဆိုင်အင်း၀မ်ဟာ တရုတ်နိုင်ငံအပေါ်ဆန့်ကျင်တဲ့ရပ်တည်ချက်နဲ့ ယမန်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
 
ထိုင်၀မ်သည် ဒီမိုကရေစီကို ကာကွယ်ရေးမှာ ရှေ့ဆုံးမှရပ်တည်နေတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့မိန့်ခွန်းမှာ သမ္မတဆိုင်အင်း၀မ်က ပြောပါတယ်။
 
Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW